တညသောအခါ မွေးဖွားလာသည် ဆရာဝန်ဖြစ်မဲ့ ကလေးတယောက်။
ညဉ့်ဦးညဉ့်နက် ဝတ်မပျက် မွေးဖွားပေးရ၊ ခွဲစိတ်ပေးရတဲ့ တောဆရာဝန်တယောက်။
တညသောအခါ ထိုဆရာ အဖမ်းခံရ၊ အရွေးချယ်ခံရတဲ့ အမတ်တယောက်။
ညဉ့်ဦးညဉ့်နက် ဝတ်မပျက်၊ မွေးဖွားပေးရ၊ ခွဲစိတ်ပေးရ သူများနိုင်ငံမှာနေရတဲ့ ဆရာဝန်တယောက်။
တညသောအခါ ထိုဆရာ၊ တနိုင်ငံရောက်၊ နောက်တနိုင်ငံရောက်ရတဲ့ နိုင်ငံရေးလုပ်တဲ့ ဒုက္ခသည်တယောက်။
ညဉ့်ဦးညဉ့်နက် ဝတ်မပျက် မေးတာဖြေရ၊ စာပြန်ရတဲ့ အွန်လိုင်းပေါ်က လူအိုလူဟောင်းတယောက်။
တညသောအခါကို မှန်အောင်မရေးတတ်ကြသူတွေက ငြိုငြင်ခံရတဲ့ မြန်မာစာဆရာ မဟုတ်သူတယောက်။
တညသောအခါသည်ကား ကျွန်ုပ်၏ကမ္ဘာ၊ ကျွန်ုပ်၏ဘဝတည်း။
ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၁၉
Comments
Post a Comment