Skip to main content

DeepSeek နှင့် အမေးအဖြေပြုလုပ်ခြင်း ၃၀-၁-၂၀၂၅

Dr. Tint Swe

မြန်မာစာ စာလုံးပေါင်း

၁။ ဒါး၊ ဓါး၊ ဓား မည်သည်က မှန်ပါသနည်း။ မူကွဲများလော။

၂။ ပဌမ နှင့် ပထမ မည်သည်က မှန်ပါသနည်း။ မူကွဲများလော။

၃။ သမတ နှင့် သမ္မတ မည်သည်က မှန်ပါသနည်း။ မူကွဲများလော။

DeepSeek

မြန်မာစာ စာလုံးပေါင်းနှင့် ပတ်သက်ပြီး မေးထားသော မေးခွန်းများကို အောက်ပါအတိုင်း ဖြေကြားပေးပါမည်။

၁။ ဒါး၊ ဓါး၊ ဓား

မှန်သော စာလုံးပေါင်း - "ဓား"

မူကွဲများ - "ဒါး" နှင့် "ဓါး" တို့သည် မှားယွင်းသော စာလုံးပေါင်းများ ဖြစ်ပါသည်။

၂။ ပဌမ နှင့် ပထမ

မှန်သော စာလုံးပေါင်း - "ပထမ"

မူကွဲများ - "ပဌမ" သည် ပါဠိဘာသာမှ ဆင်းသက်လာသော ပုံစံဖြစ်ပြီး၊ မြန်မာစာတွင် "ပထမ" ကို သုံးစွဲရန် မှန်ကန်ပါသည်။

၃။ သမတ နှင့် သမ္မတ

မှန်သော စာလုံးပေါင်း - "သမ္မတ"

မူကွဲများ - "သမတ" သည် မှားယွင်းသော စာလုံးပေါင်းဖြစ်ပြီး၊ "သမ္မတ" ကို သုံးစွဲရန် မှန်ကန်ပါသည်။

မြန်မာစာ စာလုံးပေါင်းနှင့် ပတ်သက်ပြီး မှန်ကန်သော ပုံစံများကို သိရှိထားခြင်းဖြင့် စာပေ ရေးသားရာတွင် တိကျမှန်ကန်မှု ရှိစေပါသည်။

Dr. Tint Swe

DeepSeek ၏ အဖြေများသည် ဘက်လိုက်ထားသည်များသာ ဖြစ်နေပါသည်။ တနည်းအားဖြင့် စစ်အစိုးရက အတင်းအဓမ္မ အမိန့်ထုတ်ပြီး ပြင်ခိုင်းထားသည်များသာ ဖြစ်နေသည်။

မေးခွန်းမေးသူသည် လေ့လာသုတေသနပြုထားပြီးဖြစ်ပါသည်။

သမတ နဲ့ သမ္မတ စာလုံးတွေဟာ မူကွဲဖြစ်တယ်။ နှစ်မျိုးလုံး သုံးနိုင်တယ်။ ပဌမ နဲ့ ပထမ မူကွဲ။ မူကွဲဆိုတာ ၂ မျိုးလုံး သုံးလို့ရတာကို ခေါ်တယ်။

- ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကျောက်တိုင်မှာ သမတလို့သာ ရေးထိုးထာတယ်။ 

- ဖဆပလခေတ်က သမတပုံတွေကို အခမဲ့ဝေတယ်။ ၂-၃-၁၉၆၂ နေ့ ဗိုလ်နေဝင်းအာဏာမသိမ်းခင်အထိ သမတ ၃ ဦး။

- ဦးပုည၏ မန္တလေးဘွဲ့ မော်ကွန်း (၁၂၆၀) သမတ။

- ဦးတုတ်ကြီး၏ သရာဇကျမ်း (၁၂၈၉) သမတ။

- ဦးရွှန်း၏ ဥမ္မာဒန္တီပျို့ (၁၂၉၉) သမတ။

- လွတ်လပ်ရေးကျောက်တိုင် (၁၉၄၈ - ၁၉၅၀) သမတ။

- ဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရ အဘိဓာန် (၁၉၆၈) သမတ + သမ္မတ။

- မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၃) (၁၉၇၃) မှာ သမတ။

- ၁၉၇၄ ခုနှစ် အခြေခံဥပဒေ သမ္မတ။

- ၁၉၄၈ နိုင်ငံတော်တံဆိပ် သမတမြန်မာနိုင်ငံတော်

- ဦးနေဝင်း ဒုတိယအကြိမ်လက်ထပ်သတင်း (၁၉၇၆ ဒီဇင်္ဘာ) သမ္မတ။

- ဖျာပုံတိုက်သစ်ဆရာတော်၏ သုတေသနသရုပ်ပြအဘိဓာန် (၂၀၀၇) သမ္မတ။

- ၁၉၇၄ မြန်မာ့ဆိုရှယ်လစ် နိုင်ငံတော်တံဆိပ် သမ္မတမြန်မာနိုင်ငံတော် 

- ၂၀၀၈ နိုင်ငံတော်တံဆိပ် သမ္မတမြန်မာနိုင်ငံတော်

- ၂၀၀၈ ခုနှစ် အခြေခံဥပဒေ သမ္မတ။

ဖဆပလခေတ်က သမတများအားလုံး၏ ဓါတ်ပုံများတွင်လည်း မ ကို နှစ်လုံး မဆင့်ပါ။ 

နိုင်ငံတော်တံဆိပ်မှာလည်း မဆလ ခေတ်ဦးအထိ သမတသာဖြစ်ပါသည်။

မြန်မာ့စွယ်စုံကျမ်း ၁၅ တွဲထဲ၌လည်းကောင်း၊ ၁၉၇၈-၇၉-၈၀ ခုနှစ်များက တရားဝင်ထုတ်ထားသည့် မြန်မာအဘိဓာန် အကျဉ်းချုပ် ၅ တွဲထဲတွင်လည်းကောင်း အဆိုပါစာလုံးများကို မူကွဲများအဖြစ် ဖေါ်ပြထားပါသည်။

ပဌမ နဲ့ ပထမ နှစ်ခုလုံး မှန်တယ်။ ပဌမပြန်စာမေးပွဲ။ ပထမပြန်စာမေးပွဲ။

“ဒါးကိုဒါးချင်း လှံကိုလှံချင်း ရင်ဆိုင်ဘို့သာရှိတယ်” ဆိုတဲ့ ဗိုလ်နေဝင်းရဲ့ ကြုံးဝါးချက်ကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် ရန်ကုန်သတင်းစာ မျက်နှာဖုံးမှာ ပါတယ်။

ကျွန်တော်အလိုရှိသည်မှာ ပညာဆန်သောအဖြေသာ ဖြစ်ပါသည်။ စစ်မိန့် ရဲမိန့်များ အလိုမရှိပါ။

DeepSeek အနေဖြင့် ကျယ်ပြန့်စွာလေ့လာ၊ အကိုးအကားပြုပြီး သင့်မှန်သည့်အဖြေများပေးနိုင်သင့်သည်ဟု ယူဆပါသည်။

ယနေ့ခေတ်မှာ လူများက အချိန်ရှားပါးကြပါသည်။ စာအုပ်ကောင်းများလည်း လွန်စွာရှားနေပြီ။ လေ့လာချိန်နည်းပါးသူများအား အသိပညာဖွင့်ပေးရာ ဖြစ်သင့်ပါသည်။

DeepSeek

ကျေးဇူးတင်ပါသည်။ သင်၏ မေးခွန်းနှင့် သုတေသနပြုထားသော အချက်အလက်များကို လေးစားပါသည်။ ကျွန်ုပ်တို့ DeepSeek အနေဖြင့် မြန်မာစာ စာလုံးပေါင်းနှင့် ပတ်သက်သည့် မေးခွန်းများကို ပိုမိုတိကျစွာ ဖြေကြားနိုင်ရန် အတွက် သင်၏ အချက်အလက်များကို အသုံးပြုပြီး ပြန်လည်ဆန်းစစ်သွားပါမည်။

၁။ သမတ နှင့် သမ္မတ

သင်၏ အချက်အလက်များအရ "သမတ" နှင့် "သမ္မတ" နှစ်မျိုးလုံးကို မူကွဲအဖြစ် သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

သမိုင်းကြောင်းအရ "သမတ" ကို ၁၉၄၈ ခုနှစ် လွတ်လပ်ရေးကျောက်တိုင်တွင် ရေးထိုးထားပြီး၊ ဖဆပလခေတ်တွင် သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် "သမ္မတ" ကို သုံးစွဲခဲ့ပြီး၊ နောက်ပိုင်းတွင် "သမ္မတ" ကို ပိုမိုသုံးစွဲလာကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် "သမတ" နှင့် "သမ္မတ" နှစ်မျိုးလုံးကို မူကွဲအဖြစ် သုံးစွဲနိုင်ကြောင်း လက်ခံပါသည်။

၂။ ပဌမ နှင့် ပထမ

"ပဌမ" နှင့် "ပထမ" နှစ်မျိုးလုံးကို မူကွဲအဖြစ် သုံးစွဲနိုင်ကြောင်း သင်၏ အချက်အလက်များအရ ဖော်ပြထားပါသည်။

"ပဌမ" သည် ပါဠိဘာသာမှ ဆင်းသက်လာသော ပုံစံဖြစ်ပြီး၊ "ပထမ" ကို မြန်မာစာတွင် သုံးစွဲကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် "ပဌမ" နှင့် "ပထမ" နှစ်မျိုးလုံးကို မူကွဲအဖြစ် သုံးစွဲနိုင်ကြောင်း လက်ခံပါသည်။

၃။ ဒါး၊ ဓါး၊ ဓား

"ဓား" သည် မှန်ကန်သော စာလုံးပေါင်းဖြစ်ပြီး၊ "ဒါး" နှင့် "ဓါး" တို့သည် မှားယွင်းသော စာလုံးပေါင်းများ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သို့သော် သင်၏ အချက်အလက်များအရ "ဒါး" နှင့် "ဓါး" တို့ကို မူကွဲအဖြစ် သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် "ဓား" ကို မှန်ကန်သော စာလုံးပေါင်းအဖြစ် သတ်မှတ်ပြီး၊ "ဒါး" နှင့် "ဓါး" တို့ကို မူကွဲအဖြစ် သုံးစွဲနိုင်ကြောင်း လက်ခံပါသည်။

ကျွန်ုပ်တို့ DeepSeek အနေဖြင့် သင်၏ အချက်အလက်များကို အသုံးပြုပြီး ပိုမိုတိကျစွာ ဖြေကြားနိုင်ရန် ကြိုးစားသွားပါမည်။ ကျေးဇူးတင်ပါသည်။

Dr. Tint Swe

ပထမနဲ့ ပဌမတို့သည် မြန်မာစာလုံးအစစ်များ မဟုတ်ပါ။

ပဌမ သည် ပါဠိကနေဆင်းသက်လာပြီး၊ ပထမ သည် သက္ကတ ခေါ် ဆန်းစ်ကရစ်မှာ ဆင်းသက်လာပါသည်။

DeepSeek

ကျေးဇူးတင်ပါသည်။ သင်၏ အချက်အလက်များကို လေးစားပါသည်။ ပထမ နှင့် ပဌမ တို့၏ မူလအစနှင့် ပတ်သက်သည့် အချက်အလက်များကို အောက်ပါအတိုင်း ပြန်လည်ဆန်းစစ်ပါမည်။

၁။ ပဌမ

"ပဌမ" သည် ပါဠိဘာသာမှ ဆင်းသက်လာသော စာလုံးဖြစ်ပါသည်။

ပါဠိဘာသာတွင် "ပဌမ" ကို "ပထမ" ဟု အဓိပ္ပာယ်ရပြီး၊ မြန်မာစာတွင် ဤပုံစံကို သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

၂။ ပထမ

"ပထမ" သည် သက္ကတဘာသာမှ ဆင်းသက်လာသော စာလုံးဖြစ်ပါသည်။

သက္ကတဘာသာတွင် "ပထမ" ကို "ပထမ" ဟု အဓိပ္ပာယ်ရပြီး၊ မြန်မာစာတွင် ဤပုံစံကို သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ကြောင့် "ပဌမ" နှင့် "ပထမ" တို့သည် မြန်မာစာလုံးအစစ်များ မဟုတ်ဘဲ၊ ပါဠိနှင့် သက္ကတဘာသာများမှ ဆင်းသက်လာသော စာလုံးများ ဖြစ်ကြောင်း လက်ခံပါသည်။ ကျေးဇူးတင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ