Skip to main content

Posts

Showing posts from June, 2025

ဟိုရှေးခေတ်ကတည်းက အရေး အပြော ထပ်တူမကျပါ

ဒါနဲ့ စကားမစပ် မြန်မာစာမှာ ရေးတော့ အမှန် ဖတ်‌ေတာ့ အသံဆိုတဲ့ စကားကြီးကို လက်ညှိုးထိုးပြီး ဘာဖြစ်လို့ စာလုံးပေါင်းနဲ့ အသံထွက်လွဲအောင် လုပ်ထားကြတာလဲ ဆရာ။ အသံဖွက်တဲ့ အတိုင်းပေါင်းလိုက်ရင် ပို လွယ်မသွားဘူးလား။ ဟုတ်။ ဟိုရှေးခေတ်ကတည်းက အရေး၊ အပြော ထပ်တူမကျပါ။ ( ၁ ) ကျောက်စာတွေမှာ စာလိုသာ။ မင်းအနန္တသူ(လေးမျက်နှာဘုရား)ကျောက်စာ (သက္ကရာဇ် ၅၈၅) ၁“။ ။ သကရစ် ၅၈၅ခု။ အာသိတ်သံဝစ္ဆိုရ?။ နတ္တောဝ် လဆုတ် ရရျာက် သုက္ကြာနိယ္အ်အာ။ မ္လတ်စွာသောမင်ကြီ အမတ္တျာ။ မဟာသေနာပတိ ၂ အနန္တသူရ?မောင်နှံနှစ်ယောက် ဤယ်လူတွင်နှိုက် အတိုင်မသိ သဒ္ဓာရုယ္အ်ပ္လုသော ကောင်မှုအက္လိုဝ်ဖ္လင္အ်ကာ။ ရိယ် မ္လိယ်ခပ်သိမ်သော အသ္ခိင်ဖ္လစ်သော ၃ မ္လတ်စွာသောမင်ကြီစသော။ မင္အ်ငီ။ မင္အ်သာ။ မင္အ်သမီ။ မင္အ်နှမခပ်သိမ်။ အမိပုရှာစသော မောင်မတာဝ်ခပ်သိမ်။ အမတ္တျာစသော ဗိုလ်ဗာ ၄ ခပ်သိမ်။ ဩက်အဝစိယ်စသော အထက်ဖဝက်တိုင်ဩင်။ အတို ဝ္အ်စ œ က္ကဝဠာစသော အတိုင်မသိသောစ œ က္ကဝဠာနှိုက် နိယ်သော လူနတ်သတ္တွာ ၅ ခပ်သိမ်သတိုဝ္အ်ကိုဝ် အကြွင်မယ္အ်သဖ္လင္အ်။ သင်္သရာဆိုဝ်ငြယ်မှ ထွက်မ္လောက်ခရုယ္အ် ဆိုဝ်ငြယ်မယ္အ်သော နိရဗန်ပြည် နိရဗန် သို ဝ္အ် ရောက်စိယ်ခ္လျာင်သောေ ၆ ကြောင္အ်။ ငာလေ သိစပ်...

အိုင်ယာလန်နွားများမှာ နိုင်ငံကူးလက်မှတ်ရှိကြသည်

Ireland’s Cows Get Passports for Beef Traceability အမဲသားခြေရာခံနိုင်မှုအတွက် ဖြစ်ပါသတဲ့။ အိုင်ယာလန်မှာ ကမ္ဘာကျော် အမဲသားကို အပြည့်အဝ ခြေရာခံနိုင်စေရန် ဓာတ်ပုံနှင့် အသေးစိတ် မိသားစုရာဇဝင် အပြည့်အစုံပါရှိသော နွားတကောင်ချင်းစီကို သီးသန့်နိုင်ငံကူးလက်မှတ် ထုတ်ပေးပါသည်။ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် အဏ္ဏဝါဌာနမှ စီမံခန့်ခွဲသော ဤစနစ်သည် အမျိုးသားတဦးစီ၏ တိရစ္ဆာန်များ၏ မူလအစ၊ လှုပ်ရှားမှုနှင့် မျိုးရိုးစဉ်ဆက်တို့ကို ခြေရာခံသည်။ ၁၉၉၆ ခုနှစ်တွင် စတင်မိတ်ဆက်ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် ပတ်စပို့တွင် အိုင်ယာလန်၏ ယူရို ၂.၇ ဘီလီယံတန်ဖိုးရှိသော အမဲသား တင်ပို့သည့်လုပ်ငန်းကို ပံ့ပိုးပေးသည့် မွေးကင်းစမှ သတ်ဖြတ်ခြင်းအထိ နွားများပါဝင်သည်။ ဤတင်းကျပ်သောလုပ်ငန်းစဉ်သည် အစားအစာဘေးကင်းလုံခြုံမှုကို အာမခံသည်။ လိမ်လည်မှုကို ကာကွယ်ပေးပြီး အရည်အသွေးမြင့်၊ မြက်ကျွေးသောအမဲသားအတွက် အိုင်ယာလန်၏ဂုဏ်သတင်းကို ထိန်းသိမ်းပေးသည်၊ အထူးသဖြင့် BSE ဖြစ်ပွားမှုကဲ့သို့ ကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုများကြားတွင် အလွန်အရေးကြီးသည်။ ၎င်းသည် အိုင်ယာလန်၏ နက်နဲသော စိုက်ပျိုးရေး အမွေအနှစ်အတွက ် သက်သေခံချက်ဖြစ်သည်။ ကျွန်တော် ...

လူတယောက်

ကွန်ပျူတာ အဆတသိန်း ဌာနကြီးတခု ပုံအတွက် ကျေးဇူး။ လူတ​ယောက် မဟုတ်သူများ ကွန်ပြူတာလို့သာ ရေးရတယ်ဆိုသူများ တသိန်းကို မှန်အောင်မရေးတတ်သူများ တခုကို မှားရေးသူများ သိစေရန်။ ဒေါက်တာတင့်ဆွေ

လူအုပ်နောက် မလိုက်ပါနဲ့

လူအုပ်ဆိုတာ ပျောက်ပျက်ကုန်တယ်။ စီးဆင်းနေတဲ့ စမ်းချောင်းအတိုင်းသာလိုက်ပါ။ ဘယ်ကိုသွားသလဲ သိမယ်။ မသေချာ မရေရာတဲ့ လူတွေထက် သဘာဝအရာတွေက သေချာတယ်။ ဒေါက်တာတင့်ဆွေ

The Fall of Constantinople: When Rome Breathed Its Last

ကွန်စတန်တင်နိုပယ်ကျဆုံးခြင်း နှင့် ရောမမြို့၏နောက်ဆုံးထွက်သက်ရှူခြင်း နှစ်ပေါင်း ၁,၁၀၀ ကျော်ကြာပြီးနောက် ၁၄၅၃ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရောမအင်ပါယာ၏ နောက်ဆုံးအငွေ့အသက် ပြိုလဲသွားသည်။ တချိန်က ခရစ်ယာန်ဘောင်၏ ရတနာ — ကွန်စတန်တီနိုပယ်သည် အော်တိုမန်အမြောက်မီးကြောင့် ကွဲအက်သွားသည့် ၎င်း၏ တန်ခိုးကြီးသော တံတိုင်းများကို မြင်ခဲ့ရသည်။ ဧကရာဇ် Constantine XI သည် အဆုံးထိ တိုက်ခိုက်ပြီး ဓားကို လက်ထဲတွင် ကိုင်ထားကာ ဒဏ္ဍာရီအဖြစ် ပျောက်ကွယ်သွားခဲ့သည်။ အလောင်းကို မတွေ့ကြရ။ တရက်တည်းတွင်၊ Byzantine အင်ပါယာသည် ငြိမ်းသွားပြီး၊ ၎င်းနှင့်အတူ ရှေးဟောင်းရောမ၏ နောက်ဆုံး မီးခိုးရောင်ဖြစ်သည်။ ကျဆုံးခြင်းသည် စစ်ရှုံးခြင်းထက် ပိုသည် — ၎င်းသည် ခေတ်တခု၏ နောက်ဆုံးအငွေ့အသက်ဖြစ်သည်။ အလယ်ခေတ်သည် အခမ်းအနားဖြင့် မပြီးဆုံးဘဲ မီးခိုး၊ သံမဏိနှင့် တိတ်ဆိတ်ခြင်းတို့ဖြင့် ပြီးဆုံးခဲ့သည်။ ဤဖြစ်ရပ်ကို ရောမအမွေအနှစ်၏ နောက်ဆုံးအခန်းအဖြစ် ရှုမြင်လေ့ရှိပြီး ခရစ်ယာန်၏ ရတနာမြို့တော်သည် စူလတန်မမ်မက် ၂ လက်အောက်ရှိ အော်တိုမန်တာ့ခ်တို့ထံ ကျရောက်ခဲ့ဖူးသည်။ ပြိုလဲမှုသည် ဘိုင်ဇန်တိုင်း ပြည်နယ်အတွင်း အော်တိုမန်ချဲ့ထွင်မှုနှင့် အတွင်းပိုင်းအား...

Bikini ဘီကီနီ ရာဇဝင်

Bikini Atoll ကျွန်းမှာ အမေရိကန်က နယူကလီးယားလက်နက်စမ်းသပ်မှုပြုလုပ်ပြီးနောက ် သီတင်းပတ်အနည်းငယ်အကြာမှာ ပြင်သစ်ဒီဇိုင်နာတဦးက ရေကူးဝတ်စုံသစ်ကို ၁၉၄၆ ခုနှစ်မှာ စတင ် ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၄၆ ခုနှစ် ဇူလိုင်လမှာ အမေရိကန်ပြည်ထောင်စုက ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ Bikini Atoll ကျွန်းမှာ Operation Crossroads ကိုလုပ်ပါတယ်။ ရေတပ်စစ်သင်္ဘောများပေါ်ရှိ နယူကလီးယား ပေါက်ကွဲမှုများရဲ့ သက်ရောက်မှုများကို လေ့လာရန်အတွက် ထင်ရှားသော စမ်းသပ်မှုများဖြစ်တယ်။ Shot "Able" နှင့် Shot "Baker" ဟု အမည်ပေးထားတဲ့ ဖောက်ခွဲမှုနှစ်ခုကနေ အဲဒီလက်နက်အသစ်ရဲ့ ကြီးမားတဲ့စွမ်းအားကို ကမ္ဘာသို့ပြသခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြင်သစ်ဒီဇိုင်နာ Louis Réard က ရေကူးဝတ်စုံ ဒီဇိုင်းအသစ်ကို ပြင်ဆင်နေပါတယ်။ ခေတ်အသုံးများနေပြီးဖြစ်တဲ ့ ရေကူးဝတ်စုံထက် သေးငယ်ပြီး အမျိုးသမီးရဲ့ ကိုယ်ခန္ဓာကို ပိုပြီး ဖေါ်ထားတယ်။ Réard က သူ့ဖန်တီးမှုကို နျူကလီးယား စမ်းသပ်သည့်နေရာ Bikini Atoll ကို တိုက်ရိုက်ရည်ညွှန်းတဲ့ ရေကူးဝတ်စုံကို အမည်ပေးလိုက်တယ ်။ သူ့ရဲ့ ရေကူးဝတ်စုံ ပွဲဦးထွက်ပွဲဟာလည်း အဏုမြူဖြစ်ရပ်တွေလို ပေါက်ကွဲထွက်ပြီး အာရုံစူးစိုက်မှုကို ...

အမှန်က ဖိနပ်စီးနေစဉ်မှာ

သစ္စာ အမှန်က ဖိနပ်စီးနေစဉ်မှာ မုသား အမှားက ကမ္ဘာတဝက် ပတ်ပြီးနေပြီ။ (မတ် တွိန်း) ဒေါက်တာတင့်ဆွေ

ထန်းတပင်

ထန်းတပင်ကို အဆင်မပြေသလို ရေးနေကြပါသည်။ ကွန်မင့်တခု = တ နဲ့ တစ်က အဆင်ပြေသလို ရေးကြရာကနေ သင ်္ ချာအခေ ါ် တစ်ခု နှစ်ခု တစ်ထောင ် တစ်ရာ ဆိုပြီးသက်မှတ်လိုက်ကြတယ ် အဓိပ္ပါယ်ပြောင်းမသွားဘူးဆိုရင ် တ ပဲဖြစ်ဖြစ် တစ်ပဲဖြစ်ဖြစ် ဖတ်လို့အဆင်ပြေတာပါပဲ ဥပမာ တောင်ငူ ထန်းတပင်မြို့ အဆင်ပြေသလိုသာရေးကြပါ လက်ခံပါတယ် ကျွန်တော့်အမြင်ပါ။ ကျွန်တော့အမြင်နဲ့တော့ ဆန့်ကျင်ပါတယ်။ ဆောရီး။ - ထန်းတစ်ပင်မြို့နယ်က YouTube DVB TV News Jun 2, 2020 - ရန်ကုန်တိုင်း ထန်းတစ်ပင် ပက်အင်းရွာမှ YouTube · မြင့်ထွေး Feb 2, 2024 - ထန်းတစ်ပင်မြို့နယ် စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံများ ပိတ်မိနေ Feb 7, 2024 - လှိုင်းဘွဲမြို့နယ်၊ ထန်းတစ်ပင်ရွာ - ထန်းတစ်ပင်မြို့နယ် အောင်ချမ်းသာကျေးရွာ မှ မြေကွက်များရောင်းပါမယ် Jun 10, 2024 - ထန်းတစ်ပင်မြို့ ၊ ထိန်ကုန်းကျေးရွာ ဧဝံဂေလိသတင်းကောင်း ဝေငှခြင်း ထန်းတစ်ပင် = တက်မရ၊ ဆင်းမရသော ထန်းပင်။ မြန်မာစာ မမှန်၊ သင်္ချာ မှား၊ ထန်သမား တက်မရ ဆင်းမရ။ ဒေါက်တာတင့်ဆွေ

MA – Cry of Silence တိတ်တိတ်ဆိတ်ဆိတ် အော်ဟစ်ခြင်း

The Maw Naing Part of New York Asian Film Festival 2025 ဇူလိုင ် ၁၁ - ၂၄ ဖြစ်ရပ်မှန်ဇာတ်လမ်းနဲ ့ ဆွဲဆောင်မှုရှိလှတဲ ့ MA ဟာ ရက်စက်ကြမ်းကြုတ်တဲ ့ စက်ရုံတွင်း ဆန္ဒပြ အလုပ်သမားတွေကို လူမဆန်စွာဖိနှိပ်မှုအောက်မှာ နိုင်ငံရေးအသိစိတ်နိုးကြားလာစေရန် ဇာတ်ကားတခု ဖြစ်ပါတယ်။ ဆိုးရွားလှတဲ့ အဖြစ်မှန်ဘဝကို ပုံဖေါ်ထားတဲ့ The Maw Naing ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်မှုကြရမှုနဲ့ နိုင်ငံရေးအသိစိတ်ဓာတ်ကို နိုးကြားစေတဲ့ ကြမ်းတမ်းလှတဲ့ဘဝကို တင်ဆက်ထားပါတယ်။ ၂၀၁၄ ခုနှစ်မှ ပွဲဦးထွက် The Monk ဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ပျောက်ကွယ်သွားပြီးနောက် နိုင်ငံတကာပွဲတော်ကို ပြန်လည်ရောက်ရှိလာပါတယ်။ Cry of Silence ကနေ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဘဝကိုဖြတ်သန်းနေကြရတဲ့ ဆယ်ကျော်သက် အထည်ချုပ်လုပ်သား “မီသက်” ကို မီးမရတဲ့အမှောင်နေ့ရက်တွေ၊ စစ်ရေးအကြမ်းဖက်မှုတွေနဲ့ စီးပွားရေးအရ အမြတ်ထုတ်ခြင်းတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ သူမရဲ့ စက်ရုံတွင်းအခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ လုပ်ဖော်ကိုင်ဖက်တွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း၊ မရတဲ့လုပ်ခလစာအတွက် သပိတ်မှောက်ကြဖို့တောင်းဆိုပေမဲ့ မီသက်ဟာ သူမရဲ့ မိသားစ...

ကဗျာလောက

ဆရာခင်ဗျား မော်ဒန်ကဗျာလောက တနည်း ကာရန်မဲ့ကဗျာလောကကို ဆရာဘယ်လိုရှုမြင်ပါသလဲ ခင်ဗျား တချို့ကတော ့ ကဗျာဆိုတာ ခက်ခက်ခဲခဲနဲ ့ ကာရန်ပါနေမ ှ မဟုတ်ဘဲ စာဖတ်သူကို ခံစားချက်တခု ၊ အတွေးတခုပေးလိုက်နိုင်ရင ် ကဗျာလို့ ခေါ် ပါတယ်တဲ ့ တချို့ကြတော့လည်း ကာရန်မပါ အသံမသာရင် ကဗျာလို့ ဘယ်ခေတ်ခါကမှ မသတ်မှတ်ခဲ့တဲ့အတွက် ကာရန်မဲ့လောကဟာ ကဗျာမဟုတ်ဘူးလို့ ဆိုပြန်ပါတယ် ဆရာ့ရှုထောင့်ကို သိမြင်ပါရစေခင်ဗျား ဟုတ်။ မေးလို့တော့ ကျေးဇူး။ ကျွန်တော်က ကဗျာသမား မဟုတ်ပါ။ ငယ်ငယ်က အမေ့ရဲ့ ကလေးချော့ကဗျာတွေနဲ့ ကြီးလာရတယ်။ ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွပ်တဲ့ အဖိုးအို ဟောကြည့် ပါဆို ဆိုသာဆို ပိုမိုတဲ့စကား ကလေး အငိုတိတ်အောင် အရိပ်အရောင်ပြတယ် ဖိုးလနတ်သား။ ။ မုံရွာမှာ ကျောင်းနေတော့ လယ်တီဆရာတော်ကြီး လင်္ကာတွေကို နေ့စဉ်လိုလို ကြားရတယ်။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စင်္ကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည ် … နတ်လူငြိမ်းဖို့ ကိန်းပါကို၊ ကျောင်းစာအုပ်မှာ ဦးပုညဝတ္ထုလေးပုဒ် တကြိမ်မှာလည်း၊ အိုင်သာသက်ဆင်း၊ ရေသဘင်ကျင်းရာတွင်၊...

"ယုန်နှစ်ကောင်ကို လိုက်ဖမ်းတဲ့သူဟာ တကောင်မှ ဖမ်းမမိပါ။"

- ကွန်ဖြူးရှပ် "The man who chases two rabbits, catches neither." — Confucius မတူတဲ ့ အာရုံစူးစိုက်မှုတွေကြောင ့် ဆုံးရှုံးရတတ်တယ ်။ ကျွမ်းကျင်ပညာရှင်တွေဟာ ပန်းတိုင်တခုစီကိုသာ အာရုံစိုက်လို့ အောင်မြင်မှုရကြတယ်။ ရှင်းလင်းပြတ်သားတဲ့ ဗျူဟာသည်သာ အပြိုင်အဆိုင်ပတ်ဝန်းကျင်မှာ အကျိုးရှိတဲ့ရလဒ်တွေကို ရရှိစေနိုင်တယ်။ မှတ်ချက် လူတွေကိုဖမ်းရင်တော့ တပြိုင်တည်းမှာ တကောင်မက မိနိုင်တဲ့ သာဓကလည်းရှိတယ်။ အညှာလွယ် စာရိတ္တလည်းမကောင်းလှတဲ့ မိန်းကလေးတွေဟာ ယောက်ျားတယောက်နောက်ကို တယောက်မက ပါသွားတတ်တယ်။ ကျန်းမာရေးမေးခွန်းတခုမှာ ကာယကံရှင်က ပြောပြတာဖြစ်ပါတယ်။ အဲဒီယောက်ျားမှာ HIV လည်းရှိတယ ်။ (ကန်တော့) ပို့စ်အဖြစ် မတင်ခဲ့ပါ။ ကူးစက်ခံရနိုင်သလား မေးတာ။ တခါတရံမှာ လူသည် ယုန်ထက် ညံ့၏။ ဒေါက်တာတင့်ဆွေ

တစ်ဦးမိသားစု အကြောင်း

တဦး လို့ ပုံနှိပ်ထားတာတွေကို တင်ပြတိုင်းမှာ တစ်ဦး ဆိုတဲ့ ကွန်မင့်တွေလာတယ်။ တစ်ဦးမိသားစု တစ်ဦးသည် ချစ်ဦး၏ အကိုဖြစ်၏။ မူးရင် ရစ်ဦးမယ်။ ညစ်ဦးမယ်။ သစ်ဦး၏ ညီဖြစ်၏။ လူလစ်ရင် လစ်ဦးမယ်။ စစ်ဦးက သူ့နှမ။ သူက ဖစ်ဦးလို့ ရေးတယ်။  ဦးသစ်ဦးက သူတို့အဖေ။ ဒေါ်ဆစ်ဦးက သူတို့အမေ။ တိုင်းပြည်ကလည်း စစ်ဦးဘီလူး။ မြန်မာစာကတော့ ကျဆုံးတော့မဲ့ ခေတ်ဦး။ ဒေါက်တာတင့်ဆွေ

ဗုဒ္ဓ၏ ဝါဒ တထောင်

စာအုပ်အဟောင်းလေးတွေ့လို့ပါ ကျေးဇူး။ နှစ်ပေါင်း ၂၅၀၀ ကျော်ကဟောကြားခဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို ၁၉၅၆ ခုနှစ်မှာ ဆဋ္ဌသံဂါယနာတင်တယ်။ စာအုပ်တွေထုတ်ထားတယ်။  နောက်ပေါက် မြန်မာစာအာဏာပိုင်တွေကို ၁၉၈ ခုနှစ်မှာ သတ်ပုံပြင်လိုက်ကြတယ်။ ဆဋ္ဌသံဂါယနာတင်သတ်ပုံတွေ တရားမဝင်တဲ့။  မကောင်းကျိုးဆက်တွေ အများကြီး တကောင်းကိုလည်း စသတ်တယ်။  တရားကိုပါ စသတ်သူတွေ မနည်းတော့ပါ။ ဦးနေဝင်းကပြင်ထားပြီးပြီ လိုက်နာရမယ်လို့ပြောတဲ့သူကို မနေ့က ဘလော့ လိုက်တယ်။  ဒေါက်တာတင့်ဆွေ ၃၀-၆-၂၀၁၉

Around the World ကမ္ဘာပတ်လည် ဇာတ်လမ်းနှစ်ပုဒ်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက ် ဟိုရောက်ဒီရောက ်) Around the World in Eighty Days ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် အင်္ဂလိပ်စာအုပ်ကို ဆယ်တန်းမှာ ပြဋ္ဌာန်းတော ့ ကျွ န်တော်တို ့ ကပ်လွဲတယ ်။ ကြိုးစားပြီး ငှားဖတ်တယ ်။ ၁၈၇၃ ခုနှစ်မှာ ပြင်သစ်စာရေးဆရာ Jules Verne ဂျူလီးစ်ဗန်းရေးတဲ့ စိတ်ကူးယဉ်ဝတ္တု။ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ရုပ်ရှင်တွေရိုက်တာလည်း ကြည့်ဖူးတယ်။ ဆယ်တန်းစာအုပ်လောက် မကြိုက်။ ကျွန်တာ်သဘောကျတာ တခုရှိတယ်။ ဇာတ်လိုက် Phileas Fogg ဖေါ့ဂ် ရဲ့ တပည့် ပြင်သစ်လူမျိုး Jean Passepartout ပါစီပါတောက်။ ဖေါ့ဂ်က အလွန်တိကျတဲ့လူ။ အရင်တပည့်က သူမုတ်ဆိတ်ရိတ်တဲ့ရေကို 86 °F (30 °C) အပူချိန်ရှိတာကို ယူလာရမဲ့အစား 84 °F (29 °C) နည်းနည်းအေးတာ ယူလာမိလို့ အလုပ်ထုတ်လိုက်ပြီး ပါစီပါတောက်ကို ခန့်တယ်။ အရှေ့ရပ်ကနေထွက် အနောက်ရပ်ကနေပြန်လာတယ်။ ကမ္ဘာပတ်ပြီး ရက်ရှစ်ဆယ်တိတိနေ့မှာ အရောက်ပြန်လာနိုင်လို့ လောင်းကြေး ပေါင် ၂ သောင်း နိုင်တယ်။ ခုခေတ်ဆို ပေါင် ၂ သိန်းကျော်တယ်။ ဖေါ့ ဂ်က သူရတာကို တပည့်ကျော်ကို ခွဲပေးတယ်။ ဒါပေမဲ့ အိမ်ကစထွက်တာ့ မီးပိတ်ခဲ့ဘို့ မေ့တဲ့အတွက် ဒဏ်ကြေး နှုတ်ယူလိုက်ပါသတဲ့။ အဲဒီခေတ်က လျှပ်စစ်မဟုတ...

ဝတ္ထု

ဝတ္ထုနဲ့ ဝတ္တုကိုရှင်းပြပေးပါဆရာ တု နဲ ့ ထု မတူပ ါ။ တင်ပြထားပါတယ်။ တုဏှိဘော တုရင်( အပြောက်အမွမ်း ) တုရိုဏ်တိုင ် ထုချေလ ွှာ ထုထည ် ထုပိကာ ( ပြာသာဒ်အထွတ ်) ထုပိတ ်( လှေကား အစိတ်အပိုင်း ) ထုသားပေသားရ ဝတ်ကျေတမ်းကျေ ဝတ်ကျေဝတ်ကုံ ဝတ်ကျောင်း ဝတ်ကြောင် ဝတ်ဆံ(ပန်း) ဝတ်ဆင် ဝတ္တရား ဝတ္ထု(လုံးချင်း) ဝတ္ထုကံမြေ ဝတ္ထုပစ္စည်း ဝတ်ပန်း(မြင်းမျိုး) ဝတ်ပန်းပင် ဝတ်ဖြည့် ဝတ်မိုးဝတ်မြေ ဝတ်မှုန်ဝတ်ဆံ ဝတ်ရက်(ပန်း) ဝတ်ရုံ ဝတ်လုံ ဒေါက်တာတင့်ဆွေ

သင်နှင့် ကျွန်ုပ်

ဘယ်သူမှ အထက်တန်းကျသူမရှိ။ ဘယ်သူမှ အောက်တန်းကျသူလည်း မရှိ။ သို့ရာတွင ် လူတိုင်းသည ် ထပ်တူညီကြသည်လည်းမဟုတ ်။ လူတိုင်းဟာ ထူးခြားမှုရှိတယ ်။ နှိုင်းယှဉ်လို ့ မရ ။ သင်ဟာ သင်ပဲ ။ ကျွ န်ုပ်ဟာ ကျွန်ုပ်ဖြစ်တယ်။ Nobody is superior, nobody is inferior, but nobody is equal either. People are simply unique, incomparable. You are you, I am I. ဒေါက်တာတင့်ဆွေ

"ဘာသာရပ်နှင့်ပတ်သက်ပြီး မသိတဲ့ လူတသောင်းဆီကရရှိတဲ့ ထင်မြင်ချက်တွေသည် တန်ဖိုးမရှိပေ။"

"The opinion of 10,000 men is of no value if none of them knows anything about the subject." — Marcus Aurelius ထင်မြင်ချက်တွေက အတူတူသာဖြစ်နေလည်း တန်ဖိုးမရှိပေ။ ကျွမ်းကျင်မှုကို ဦးစားပေးသော ပညာရှင်များသည် လူကြိုက်များသော ထင်မြင်ယူဆချက်ထက် အတွေ့အကြုံများအရ ဦးစားပေမှုများကို ခွဲခြားပြီး အသိဉာဏ်ရှိသော ဆုံးဖြတ်ချက်များကို အသိပညာဖြင့် မောင်းနှင်သည့် အပြိုင်အဆိုင်ရှိသော မြင်သိစရာများကို ပေးကြပေသည်။ မှတ်ချက် - ဆိုရှယ်မီဒီယာမှာ လူသိန်းပေါင်းဘယ်လောက်က ဖတ်၊ သိန်းပေါင်းဘယ်လောက်ကကြိုက်၊ သိန်းပေါင်းဘယ်လောက်က ရှယ်သည်ဆိုတာတွေကို အယုံအကြည် နည်းပါသည်။ ဒေါက်တာတင့်ဆွေ

ကြာနီတပွင့် ဖြူတပွင့်

ကွန်မင့်တခု = တစ်ပွင့် ကအမှန်လားဆရာ တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်နဲ့ရေးတာ လျှာရှည် + လွဲ + မမှန် + မှား။ ပန်းတပွင့်ကို စသတ်နဲ့ရေးရင် မမွှ ေး ။ လူတယောက်ကို စသတ်နဲ့ရေးရင် ရှေ့ဆက်မပြေးနိုင်။ သီချင်းတပုဒ်ကို စသတ်နဲ့ရေးရင် နားထဲမဝင်။ ဂူတလုံးကို စသတ်နဲ့ရေးရင် အထဲဝင်မရ။ အပြင်ထွက်မရ။ ထမင်းတလုတ်ကို စသတ်နဲ့ရေးရင် မျိုချမရ။ - မိုးရေတက်ရေ တဖွေးဖွေး - ကွင်းကျယ် အဝေးဝေး - လယ်စောင့်တဲလေး ခြေတံရှည် - မိုးကုပ်အောက်မှာတည် - ကြာနီတပွင့် ဖြူတပွင့် - တဲနှင့် ပနံတင့်။ ။ ၁။ ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲကကဗျာ ကြာနီတပွင့် ဖြူတပွင့်။ ၂။ ကာတွန်း မြင့်သိန်းရေးဆွဲတဲ့ စံရွှေမြင့်စာအုပ်မှာလည်း ကြာနီတပွင့် ဖြူတပွင့်။ ဆရာမင်းသုဝဏ်ထက်တော်တယ်လို့ သွေးနားထင်ရောက်နေကြတဲ့ ကဗျာဆရာတွေ ပေါတယ်။ ကာတွန်းမြင့်သိန်းထက်တော်တဲ့ ကာတွန်းဆရာတွေလည်း ပေါတယ်။ ပေါ်လစီသတ်ပုံနဲ့ရေးကြတဲ့ မြန်မာစာ ပနာမတင့် ကြပ ါ။ ဒေါက်တာတင့်ဆွေ

History သမိုင်း

သမိုင်းဆိုတာ ချီးမွမ်းရန် သို့မဟုတ် ရှုံ့ချရန် အဖြစ်အပျက်များ စုစည်းမှုမဟုတ်ပါ။ ကျွန်ုပ်တို့ကို နာကျင်စေသော၊ စော်ကားခြင်းနှင့် စိန်ခေါ်သည့် သင်ခန်းစာများကို သင်ကြားပေးပါသည်။ ကျွန်ုပ်တို့သမိုင်းထဲမှာ လွန်စွာခက်ခဲသောအပိုင်းများကို နားလည်ခြင်းဖြင့် ထပ်တူအမှားများကို ထပ်ခါပြုလုပ်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ အကယ်၍ သမိုင်းမှာ စော်ကားသလိုတွေပါနေရင်လည်း သမိုင်းက မှားနေတာ မဟုတ်ပါ။ အဲဒါတွေဟာ ကျွန်ုပ်တို့ ပြုပြင်စရာတွေလို့ သိစေတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြီးထွားဖို့ လိုအပ်နေသေးတဲ့ နေရာကို ပြပေးလို့ပါပဲ။ အတိတ်ဆိုတာ ဖတ်ရန်အတွက်သာမဟုတ်ပါ။ လေ့လာစရာဖြစ်ပါတယ်။ အဲဒါကို ဆုပ်ကိုင်ထားရမယ်။ နားလည်ရမယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ပုံဖော်ဖို့အတွက် အသုံးချရမယ်။ အတိတ်က အမှားတွေကို ပြန်တွေးကြည့်မှသာလျှင် သမိုင်းမှာကျန်ရစ်ခဲ့တဲ့ မပျောက်သေးတဲ့ ဒဏ်ရာတွေကို ကုစားနိုင်မှာပါ။ ပိုကောင်းတဲ့ အနာဂတ်ကို ပုံဖော်ပေးနိုင်တဲ့ အတိတ်က ဘာသင်ခန်းစာတွေ သင်ရရှိခဲ့လဲ။ သင့်အတွေးအမြင်များကို ကျွန်ုပ်တို့နှင့် မျှ ဝေပ ါ။ ဒေါက်တာတင့်ဆွေ

ထမင်းဆိုင်းကို ဝင်ပြီးစားကြစို့ …

ပိုက်ဆံလည်းရပြီ … ဗိုက်လည်းဆာပြီ … ထမင်းဆိုင်းကို ဝင်ပြီးစားကြစို့ … သည်စာကြောင်းမှာ " ပြီ " လို့ ရမှာမဟုတ်လားဆရာ / နှင့် ပြီး,ကအဓိပ္ပါယ်အများကြီးကွာလို့ပါ။ ထမင်းဆိုင်းကိုဝင်ပြီး စားကြစို့ မှန်ပါတယ်။ ထမင်းဆိုင်းကိုဝင်ပြီး ထမင်းစားလို့ပြီးပြီ။ ပြီ ကောင်းပြီ ချစ်မိနေပြီ ချမ်းသာပြီ စကားပြီ စားပြီးပြီ တန်ပြီ တော်ပြီ ပြန်လာပြီ ပြီးပါပြီ ပြီတီတီ ပြီပြီသသ များလေပြီ မွဲပြီ မှန်ပြီ လာပါပြီ သွားလေပြီ သေပြီ ဟုတ်လှပြီ အချိန်သင့်ပြီ အဆင်သင့်ဖြစ်ပြီ ပြီး ငါးပိဖြစ်ပြီးမ ှ အမြီးမနှံ့ချင်နှင့် တော ့ တုတ်ပြီးဓါးပြီး ပြီးကပစ်လုပ်သည်၊ ပြီးခိုင် = ပြည့်စုံသည် ပြီးငြိမ်း ပြီးစလွယ်လုပ်သည်၊ ပြီးစီးသွားပြီ၊ ပြီးဆုံးသည်၊ ပြီးပြည့်စုံ၊ ပြီးပြတ် ပြီးမြောက် ပြီးမြောက်အောင်လုပ်သည်။ ပြီးအောင်လုပ် ပွဲပြီးမီးသေ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဘုရားပြီး ငြမ်းဖျက ် မပြောမပြီး မတီးမမြည ် သို့တပြီးကား အပြီးတိုင်အောင ် နွားမ၏သား ၊ ထိုနွားလား ၊ မြက်များစားပြီးပြီ၊ ရေသောက်ပြီ။ ဘဝတခု ပြီးဆုံးခြင်း https://brmese-spelling. blogspot .com/2022/08/blog-post_23.html “ ကြာပြီဆိုတော ့ မေ့လောက်ပါပြီ ” https://burmese-spelli...

Grammar of the Burmese language : Judson. Adoniram

ယုဒသန်လို့ ခေါ်ကြတဲ့ အင်္ ဂလိတ ်- မြမ္မာ သဒ္ဒါစာအုပ် တခုခု တယောက်ယောက် တခုတလေ တယောက်ယောက် တစုံတခု တစုံတယောက် တနေ့ချင်းတွင် တခုတည်း Title Grammar of the Burmese language, by A. Judson. Author Judson, Adoniram, 1788-1850. Publication Rangoon,: American Baptist mission press, 883. "Grammar of the Burmese language, by A. Judson." In the digital collection Digital General Collection. https://name.umdl.umich.edu/AHQ1006.0001.001. University of Michigan Library Digital Collections. Accessed June 29, 2025. ဒေါက်တာတင့်ဆွေ

ဇမ္မူလို့ ရေးရတယ်

ဆရာ ဒီမှာလဲ ကြည့်ပါဦး ဇဗ္ဗူ" က စကားလုံး သပ်သပ်ရှိလား မဟုတ် " ဇမ္ဗူ " က စကားလုံး သပ်သပ်များလား ဆရာ ကယ်၍ ဇမ္ဗူ တလုံးတည်းပဲ ရှိတာဆိုရင် ဒါမျိုးက မမှားသင့်ပါဘူးလားလို့ ဆရာ ဇမ္ဗုသပြေပင ် ဇမ္ဗူဒိပ်က ျွ န်း ဇမ္ဗူပနီပင် ဇမ္ဗူရစ်ရွှေ ဒေက်တာတင့်ဆွေ

ရသေ့တပါး ဤနေရာ၌နေ၏

သူတပါး မဦးရပ ါ ဆုတခု ပေးပါ မြန်မာဘတ်စာသစ် ပထမတန်း ၁၉၅၅ ခုနှစ်ထုတ် (ဒေါင်းတံဆိပ်) ဒေက်တာတင့်ဆွေ

Historical truth and Hair

ကူးယူတင်ပြပါသည ် I was reminded of the first by my friend Tint Swe’s recent post and the second by another friend NyiNyi Han. That in turn led my thoughts to the bizarre removal of some of my posts from Old Burma Group. Here’s one such that involves both historical truth and hair. ဗုဒ္ဓဆံတော် မရှိသော်ငြား ပွားများထိုက်၏ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကဩစတြေးလျအမျိုးသားတက္ကသိုလ်ဘလော့ဂ် ANU blog နယူးမန္ဒလ New Mandala မှာ ဖနွမ်ပင်အခြေစိုက် အိုင်ဇယ်မေးဇတ ် Eisel Mazard ဆိုတဲ့သုတေသီတဦးရေးတဲ့ ဗုဒ္ဓသည်ခေါင်းတုံးဖြစ်၏ ဆိုတဲ့ဆောင်းပါးဖတ်ရဖူးတယ် The Buddha was Bald https://medium.com/@eiselmazard/the-buddha-was-bald-a25589c26ebe https://www.newmandala.org/the-buddha-was-bald/ အင်မတန်ထိလွယ်ရှလွယ်တဲ့သူတွေနေတဲ့မြန်မာပြည်အပါအဝင်အရှေ့တောင်အာရှနိုင်ငံတွေကဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ခေါင်းထဲကအတွေးအခေ ါ် အသိဉာဏ်ပညာထက်ခေါင်းပေ ါ် ကဆံပင်ကိုပိုပြီးတန်ဖိုးထားကြတယ်လို့သူကစွပ်စွဲလိုက်တာပ ါ သမိုင်းမှာတကယ်ရှိခဲ့တဲ့ဂေါတမဗုဒ္ဓဘုရားရှင်ဟာဆံတော်ပယ်အပြီးမှာတခြားဘိက္ခုများလိုပဲဦးပြည်းခေါင်းတုံးသာလျှင်ဖြစ်ပြီးမြတ်စွာဘုရားသက်တေ...

ပျော်ရွှင်နေစဉ် ကတိမပေးပါနှင့်

စိတ်ဆိုးနေစဉ် တုန့်ပြန်ခြင်းမပြုပါနှင့် ဝမ်းနည်းနေစဉ် ဆုံးဖြတ်ချက်မချပါနှင့် ဒေါက်တာတင့်ဆွေ

Ānanda အရှင်အာနန္ဒာ မထေရ်မြတ်အကြောင်း

မဟာဗုဒ္ဓဝင် (မင်းကွန်းဆရာတော်) (မူရင်းအတိုင်းတင်ပေးထားသည့် တရားတော်။ ထို့ကြောင့် ကောင်း၏။) (၃၀) အရှင်အာနန္ဒာ မထေရ်မြတ်အကြောင်း ( က) မထေရ်မြတ်၏ ရှေးဆုတောင်း ဤကမ္ဘာမှ ပဋိလောမအဆန် ပြန်၍ရေတွက်လျှင် ကမ္ဘာတသိန်းထက်၌ ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူလေသည်။ ထိုပဒုမုတ္တရမြတ်စွာဘုရား၏ ဖွားတော်မူရာ နေပြည်တော်ကား ဟံသာဝတီ မင်းနေပြည်, ခမည်းတော်ကား အာနန္ဒမင်းကြီး, မယ်တော်ကား သုဇာတာမိဖုရားကြီး, အဂ္ဂသာဝက ၂-ပါးတို့ကား ဒေဝလမထေရ်နှင့် သုဇာတမထေရ်တို့ ဖြစ်ကြသည်။ အဂ္ဂသာဝိကာ ၂-ပါးတို့ကား အမိတာထေရီနှင့် အသမာထေရီတို့ ဖြစ်ကြသည်။ အလုပ်အကျွေး = ဥပဋ္ဌာကကား သုမနမထေရ် ဖြစ်လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရားသည် ခမည်းတော်မင်းကြီးအား ချီးမြှောက်တော်မူလျက် ရဟန်းတသိန်း အခြံအရံရှိကာ ဟံသာဝတီ မင်းနေပြည်ကို အမှီဂေါစရဂါမ်ပြုကာ သီတင်းသုံး နေထိုင်တော်မူဆဲအချိန် ဖြစ်လေသည်။ ပဒုမုတ္တရ မြတ်စွာဘုရား၏ လူဖြစ်စဉ်ကာလက ဖတူမိကွဲဖြစ်သော ညီငယ်ကား (အရှင်အာနန္ဒာအလောင်း) သုမနမင်းသား အမည်ရှိလေသည်။ အာနန္ဒမင်းကြီးသည် သားတော် သုမနမင်းသားအား ဟံသာဝတီ မင်းနေပြည်မှ ခရီးယူဇနာ ၄၃၆ ( ၁၂ဝ)တရာ့နှစ်ဆယ် ဝေးကွာသောအရပ်၌ မြို့စားခန့်အပ်လေသည်။ မြို့စား သုမနမင်းသာ...