Skip to main content

"ယုန်နှစ်ကောင်ကို လိုက်ဖမ်းတဲ့သူဟာ တကောင်မှ ဖမ်းမမိပါ။"

- ကွန်ဖြူးရှပ်

"The man who chases two rabbits, catches neither." Confucius

မတူတဲအာရုံစူးစိုက်မှုတွေကြောင့် ဆုံးရှုံးရတတ်တယ်။ ကျွမ်းကျင်ပညာရှင်တွေဟာ ပန်းတိုင်တခုစီကိုသာ အာရုံစိုက်လို့ အောင်မြင်မှုရကြတယ်။ ရှင်းလင်းပြတ်သားတဲ့ ဗျူဟာသည်သာ အပြိုင်အဆိုင်ပတ်ဝန်းကျင်မှာ အကျိုးရှိတဲ့ရလဒ်တွေကို ရရှိစေနိုင်တယ်။

မှတ်ချက်

လူတွေကိုဖမ်းရင်တော့ တပြိုင်တည်းမှာ တကောင်မက မိနိုင်တဲ့ သာဓကလည်းရှိတယ်။

အညှာလွယ် စာရိတ္တလည်းမကောင်းလှတဲ့ မိန်းကလေးတွေဟာ ယောက်ျားတယောက်နောက်ကို တယောက်မက ပါသွားတတ်တယ်။

ကျန်းမာရေးမေးခွန်းတခုမှာ ကာယကံရှင်က ပြောပြတာဖြစ်ပါတယ်။ အဲဒီယောက်ျားမှာ HIV လည်းရှိတယ်။ (ကန်တော့)

ပို့စ်အဖြစ် မတင်ခဲ့ပါ။ ကူးစက်ခံရနိုင်သလား မေးတာ။

တခါတရံမှာ လူသည် ယုန်ထက် ညံ့၏။

ဒေါက်တာတင့်ဆွေ

Comments