Skip to main content

MA – Cry of Silence တိတ်တိတ်ဆိတ်ဆိတ် အော်ဟစ်ခြင်း

The Maw Naing

Part of

New York Asian Film Festival 2025

ဇူလိုင် ၁၁ - ၂၄

ဖြစ်ရပ်မှန်ဇာတ်လမ်းနဲဆွဲဆောင်မှုရှိလှတဲMA ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စက်ရုံတွင်း ဆန္ဒပြ အလုပ်သမားတွေကို လူမဆန်စွာဖိနှိပ်မှုအောက်မှာ နိုင်ငံရေးအသိစိတ်နိုးကြားလာစေရန် ဇာတ်ကားတခု ဖြစ်ပါတယ်။

ဆိုးရွားလှတဲ့ အဖြစ်မှန်ဘဝကို ပုံဖေါ်ထားတဲ့ The Maw Naing ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုအောက်မှာ ရှင်သန်မှုကြရမှုနဲ့ နိုင်ငံရေးအသိစိတ်ဓာတ်ကို နိုးကြားစေတဲ့ ကြမ်းတမ်းလှတဲ့ဘဝကို တင်ဆက်ထားပါတယ်။

၂၀၁၄ ခုနှစ်မှ ပွဲဦးထွက် The Monk ဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ပျောက်ကွယ်သွားပြီးနောက် နိုင်ငံတကာပွဲတော်ကို ပြန်လည်ရောက်ရှိလာပါတယ်။

Cry of Silence ကနေ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဘဝကိုဖြတ်သန်းနေကြရတဲ့ ဆယ်ကျော်သက် အထည်ချုပ်လုပ်သား “မီသက်” ကို မီးမရတဲ့အမှောင်နေ့ရက်တွေ၊ စစ်ရေးအကြမ်းဖက်မှုတွေနဲ့ စီးပွားရေးအရ အမြတ်ထုတ်ခြင်းတွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။

သူမရဲ့ စက်ရုံတွင်းအခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ လုပ်ဖော်ကိုင်ဖက်တွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း၊ မရတဲ့လုပ်ခလစာအတွက် သပိတ်မှောက်ကြဖို့တောင်းဆိုပေမဲ့ မီသက်ဟာ သူမရဲ့ မိသားစုအတွက် ဘဏ္ဍာရေးတာဝန်နဲ့ အန္တရာယ်တွေကြားမှာ ပိတ်မိနေလို့ သတိကြီးကြီးထားနေရရှာပုံတွေဟာ ဖန်သားပြင်မှာ တဖျပ်ဖျပ်ခတ်နေပြီး၊ တဝက်တပျက်ပုံသဏ္ဍာန်တွေ၊ မှိတ်တုတ်မှိတ်တုတ် မီးရောင်တွေ၊ အဝေးကသေနတ်သံတွေနဲ့ တိတ်တဆိတ်မျှဝေထားကြတဲ့ ဆဲလ်ဖုန်းပုံတွေပါ စစ်အာဏာရှင်လက်အောက်က ဘဝတွေကို ကြည့်မြင်ရပါမယ်။

တချို့တဝက်သာ ဖေါ်ပြချက်တွေနဲ့ အရေးတကြီးလည်းဖြစ်တဲ့ MA Cry of Silence ဟာ ဇာတ်ကောင်တွေရဲ့ လူသားမဆန်မှုဘဝတွေကို ကွက်ကွက်ကွင်းကွင်းအာင်ဖေါ်ပြပြီး၊ စနစ်ဆိုးကို တိတ်ဆိတ်စွာ စွဲချက်တင်ထားပါတယ်။

ဟစ်ကြီးဟစ်ကျယ် မဟုတ်ပါ။ ပွက်လုပွက်ခင်ထိ ဒုက္ခခံနေကြရတဲ့ မျိုးဆက်တခုရဲ့ စိတ်ဓာတ်နဲ့ ခံနိုင်ရည်ကို ဖမ်းစားထားပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...