Skip to main content

လာ လှာ

(စကြာတော်ရင်း၊ ဆက်လှာဝပ်စင်း)

၁။ လှာ အသုံးအတော်နည်းသွားပြီ ဆရာ။

၂။ စာထဲမှာတော့ ခုထိ လှာ အသက်ရှင်လျက်ပါဆရာ။ အင်မတန် လှ တဲ့ စာလုံးလေးပါ။

၃။ ချောက်လှာ ပေးလှာ ပြီပြီ (ယခင်) ခြောက်လာ ပေးလာ ပီပီ (ယခု) ကျေးဇူးတင်ပါတယ် ဆရာ။

လာ နဲ့ လှာ မတူပါ။ ပီ နဲ့ ပြီ မတူပါ။ မေးခွန်းမေးသူတွေထဲမှာ ပါပီ ခေါ် ခွေးကလေးမွေးထားသူတွေ အတော်ကို များတယ်။

၄။ ဆရာရှင့်။ ကျမ ( - ) နဲ့ပတ်သက်ပြီး ကျန်းမာရေးရှုထောင်ကနေ ဆရာ့ကို အင်တာဗျူး လုပ်ချင်လို့ပါဆရာ။ ဆရာအဆင်ပြေတယ်ဆိုရင် အီးမေး (ဒါမှမဟုတ်) ဖေ့ဘွတ်ကနေပဲ မေးခွန်း ပို့လို့ရသလို ဆရာ့ဆီ ဖုန်းဆက်ပြီး အင်တာဗျူးပေးလည်းရပါတယ်ဆရာ။

အသံဖိုင်သုံးတာ မဟုတ်ရင် မေးခွန်းတွေသာ မက်ဆေ့ချ်ကနေ မေးပါရန်။

ဟုတ်ကဲ့ဆရာ ပို့လာခဲ့မယ်။

ပို့လာခဲ့မယ်ဆိုတာ နားမလည်။ ပို့လိုက်မယ်လို့ ရေးမှသာ နားလည်တယ်။ လာပို့မယ်ဆိုတာလည်း နားလည်တယ်။ အဲတာတော့ မဖြစ်နိုင်လောက်။ လှာလို့တော့ရှိတယ်။ နောက်တပုဒ်မှာ ရေးပါမယ်။

ကွန်မင့်တခု = လှာ အသုံးက မရှိသလောက် ဖြစ်နေပါလား။

ကွန်မင့်တခု = ပေးလှာတဲ့မေတ္တာများကိုပင် လက်ခံရသူအနေနဲ့ ဘယ်လိုနားလည်ရမလဲရှင်(မာမာအေး ဆို ဘဝဇာတ်ကြောင်းနှင်လေဦး)

လှာ

ကျလှာသောင်သဲ

ဆက်သလှာသည်

တောင်းယမ်းလှာ၍

ပြောလှာသည်

ပို့သလှာသည်

ရောက်လှာငြားသည်

လျှောက်လှာသည်

လှာလှာ = ပါးပါးလွှားလွှား၊ ပိန်ပိန်ပါးပါး

လှာသည် = အနီးသို့ရောက်လာသည်

“သပြေရိပ်စက်၊ ချမ်းမေးမြက်ဝယ်၊ ပုခက်ဧယင်၊ နွယ်တန်းဆင်လျက်၊ ငယ်လင်တလှည့်၊ မယ်တလှည့်လျှင်၊”

“ကြော့သွေးဆင်းယောင်၊ ခွေးနက်ကြောင်တုံ၊ ဆင်ပြောင်ဖြစ်ငြား၊ မလောက်လားတည့်၊ ခွေးကျားကမူ၊ လိုက်မြှူ၍၊ ခွေးဖြူပတ်ဝိုက်၊ ဆီးကာကိုက်လျက်၊ လိုက်တုံအမှီ၊ နံပါးသီသည်၊ ခွေးနီ ခွေးညို၊ ခွေးထိုထိုနှင့်၊ တကိုယ်တည်းသာ ခုရောက်လှာရှင်” (ဘလ္လာတိယပျို့ - ဦးထွန်းညို)

မှတ်ချက်။ လာ နှင့် လှာ နှစ်မျိုးတို့တွင် သာမန်အရာတွက် လာ ကိုသုံးရသည်။ အနီးသို့ရောက်လှာသည်ကို လှာ ဟု သုံးရသည်။

- ဘားအံမြို့နယ် အုန်းတပင်ကျေးရွာအုပ်စုနှင့် လှာကဒေါင်ကျေးရွာ

- လှာကဒါရွာသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊

လာ

ကောင်းသောလာခြင်း

ဆောင်းရာသီရောက်လာပြီ

ထမင်းစားလာသလား

မိုးတွေလေတွေလာပြီ

ရာသီလာသလား

ရောဂါသက်သာလာပြီ

လာကြပါ

လာလာပကာ = လာလာသမျှ

လာသည်

လာသားအထွေ = လာခြင်း၏အကြောင်း

သူမလာသေး

အစဉ်အလာ

အလားအလာ

အသွားအလာ ဆင်ခြင်ပါ

ဟိုသို့လာ သည်သို့သွား၊ အငှားခန္ဓာမြောင်ရတယ်၊ ဆန်းခေါင်ထိမျိုး (ဦးကြင်ဥ)

ဖရန့်ဆစ်ဘေကွန်က ရေးထားတယ်။ တောင်ကြီးက မဟိုမက်ဆီမလာရင်၊ မဟိုမက်က တောင်ကြီးဆီသာသွားရမယ်တဲ့။

ကျွန်တော့်အဖြစ်က ပြောင်းပြန်။ လက်ဖက်စိုက်တဲ့ ရှမ်းတောင်တွေကို မရာက်ဖူးပါ။ ကိုယ်က မသွားနိုင်တော့ တောင်ကြီးတွေက ကိုယ့်ဆီလာတယ်။ လက်ဆောင်ရထားတဲ့ လက်ဖက်ခြောက် သောက်ရင်း ဒီစာကိုရေးပါတယ်။

“ပန်းမြိုင်လယ်”

ပန်းမြိုင်လယ်သာနယ်ဘွေ။ မျှော်လေတိုင်း ၊ပြာခြေဆိုင်း ၊ဝေမှိုင်းမြူမှောင်ချယ်၊ အိုဘယ်ဝယ် ။ တောင်စွယ်မှော်ရုံကြော။ လွန်သာမောဘွဲ့တောစုံယံမှာ၊ရွှေလျှံဝင်းမှည့်ထုံမှုံကြွေ။ ရီဝေပြာပြာလွမ်းဘွယ်စေ။ ။ လေပြေဆော်ကာ ဟေမာတွင်း။ ထုံစီမလ္လာဂန္ဓာသင်းဝှန်။ ယဉ်ရေခင်းငယ်ရှင်းကြည်သွန်။ ။ သီလာဘွေကွန့်းညာမြေစွန်။ ။ မြရောင်ဖြာဆင့်ကန် သာလွန်။ ။ မျှော်-ဆွေးမှုဘန်ရွယ်။ ရေးခုကြံဘွယ်ညွှန်။ ပင်တိုင်ညာနန်းစံ။ ဆွေးဟန်ငယ်သာ။ ဘန်လာမြင်သော်ဣန္ဒာ။ ။ သီတာမူရာပူဗျာလှယ်လို့ခုဝယ်ကြုံတော်ဘယ်ရွှေကံ၊အိုလေ ဆိုယောင်ငိုယောင်ကြီးငယ်နှင့်သာ၊ငြီးမိဘန်ခါခါ။ ကြာ-နန်းမယ်မှန်းရွယ် ပမ်းတယ်ပူဗျာဝှန် ။ ဖြေညွှန်ခွေယိမ်းပျောင်း။ သောင်းမြေပြန့်ရုံ။ ဝေယန်သိင်္ဂါရွှေဘုံ။ ။ တောင်ယံလယ်ကြော့မြိုင်နယ်စုံ၊ ခိုင်ရွှေညှာနွဲ့မာလာမှုံ။ ညှင်းလေသွေးငယ်။ သွင်းချွေအေးတယ် ဆင်းရွှေသွေးလှယ်မွှေးကြိုင်ထုံ။ သင်းပျံကြူ ခိုင်ပန်းရွှေမဉ္ဇူ။ နွဲ့မူရာ ကန္တာလှော်စံမှုံ။ ဟေဝန်မြိုင်သီတာ။ စီကာမျှောင်ကွန့်။ ယဉ်ဘောင်လှယ် ဝေချယ်ရုံ။ လွမ်းဘို့ဘယ်လာကြုံ။ ။ ဘုံရွှေနန်းငယ်သည်ဝယ်။ ကွာနယ်ဆွေးရန်။ ကြံမှိုင်တွေးပြန်။ ပူဝန်ပန်းဘွယ် သည်မယ်။ ညှိုးတယ်ဝဋ်ဘန်းဆိုယောင်မှားကံ။ ဝေး-အဝေး။ သုရပ်နယ်မြေ။ စကြာစုံရွှေမြန်း။ ရှိန်ဖြာကိန္ဒာပြည်တိုင်းခန်း။ ကြ့ိုညိုသစ်ဘုံစံကွန်းနန်း။ ဖြန့်မြန်းညီနောင်လေ။ စွန်တောင်ကိုင်ရွှေလေး။ ရိပ်ဝင်ငယ်လေ ခိုကြောင်းရေး ။ ပျော်ယောင်သာစက်မှေး ။ တွေးဘွယ်ကိုပင်။ သုကျိတ်မျှော်ရူဆင်ခြင်။ ။ ညီနောင်မူရာ သူသာမြင်။ သည်တွင်ရွှေဘွင်လွန်လှိုက်လှဲ။ ။ ပူလောင်ကြည်ကွဲ။ ငိုယောင်ဆည်လဲ သည်သဲပြေဘဲအောင်သာ။ သွယ်ကာငွေနှင်း။ မျက်ရည်ဖြာဆင်း။ ရင်တွင်းဝယ်သာ။ ရာမင်းငယ်မှာ၊ စက်ခါပျော်ဆဲနိူး။ ။ မျှော်တော်မြင်သော်ညွှန်လက်ညှိုး။ ။ ဝပ်လျှိုးမျောက်မွန်။ ကြောက်ဝှန်ကြက်သီးမိုး။ ။ စုံဆယ်ဖြာ။ ပန်ထွာဦးတင်။ ဖူးမြင် သက်လွှတ်ကြောင်း။ ထံတော်ပေါင်း။ သက်မြေပိုင်။ ရာမင်းဦးကိုင်။ ဘုန်းဘုန်းညွှန့်လှိုင်၊ပြည်ကိန္ဒာ နန်းမြိုင်ဆီမှာ။ ဗာလီသူမင်းမူ။ ပူဗျာဘယ်မငြိမ်း။ သိမ်းယူငယ်သာ ။ ဘော်ကွာမယ်သုဘတ္တာ။ ။ သည်မှာတောင်သာခိုမှီရာ။ သီလာမြိုင်ချာ ကြို့ညို့နန်း။ ။ စံမြန်းခုဝယ် ။ နေနှယ်ရွှေဘုန်းလက်ရုံးပြိုင်နှုန်းတေဇာ။ * စကြာထန်ပြင်း။ ဆက်လှာကျွန်ရင်း။ သက်နှင်းပန်ထွာ ။ ကြောင်းလျာငင် ကုန်စင်ရှိဦးထား။ ။ ရွှေနား-ဆင်ပါ၊တင်ကာ ပန်လျှောက်ကြား။ ။ ညာနန်းနတ်ကယ်သွင်။ လေယဉ်ပျံ။ တိမ်ယံတောင်စွယ်။ မိုးလယ်ဝေယန်ဖျား။ ။ မြသားစုံမြိုင်ညို။ သိန်းဃိုဠ်ရှင်။ တင်ယူဆောင်လှာ၊မျှော်ကာမြင်မိညား၊ တ,ဆိုငိုသားငယ်၊ခုပင်ကြားမြင်ခါဘန်ဘန်။ သြော်ကံရွှေဖူးစာငယ်နှယ်။ ကြုံတယ်ဘယ် ရှေးဝဠ်တုံ့လှယ်။ ခုသည်ဝယ်။ ဆည်ဘွယ်ကြံရွယ် ပူနယ်ပိုအင်။ သက်ခင်ကြွေလုသဲ။ မြင်တော်လာဘဲငယ်နှင့်သာ ကွဲကြေပူဗျာပုံ။ မှော်ရုံဂူနန်း စံတော်ရာ ၊မျှော်ခါမြင်သေးဆိုယောင် သားငယ်ဘယ်မှာ။ ဆည်နှိင်အောင်ကို၊လွမ်းဝှန်ထပ်ပို၊ဆွေးညွတ်ပြို။ ။ မြရေညိုပင်လယ်သီဟိုဠ်။ လေနန်းဝေယန်။ ဗိမာန်တောင်စွယ်ခို။ အာကာ-ဘုံလယ်ဝေမို ငွေနှင်းသွယ်ယို။ ကြည်ကွဲရန်သာကို။ ။ အိုဘုန်းမြင်တော်မူလှဲ့အုံး ။ ကြော့ယဉ်ဆုံးငယ် ရွှေကေရှင် သော်တာ လ,နန်း ငွေတိမ်စင်။ ကြေးမုံပြင်။ သွင်မြသား။ ။ တ,ယောင်ဘုန်းမောင်ရွှေကိုယ်သား။ ဟေဝန်ဖျား။ မြိုင်သီလာ။ တောင်ယံတောစွယ်။ သာမောဘွယ်စေ၊ယဉ်ရေသွယ်သွယ်ဖြာ၊ ကန်သာသီတာစီကာသန်း။ ရွှေကိုယ်သည်ဝယ်ပူနယ်။ ပန်းအောင်မယ်မောင်။ ဗျာဝှန်ပိုမို။ ဆိုငိုမှိုင်ယောင်။ သည်းခေါင်ကြွေလှုညား။ မှတ်ရန်။ ။ ၎င်း ပန်းမြိုင်လယ် ယိုးဒယားတွင် နောက်ဆရာများ ထည့်သွင်း သီဆိုကြသော သံထောက်မှာ။ ။ ဖြစ်လားကုန်စင်။ မှော်ရုံခွင် - စုံမြိုင်ချာက မင်းသီတာ ဒေဝီမယ်ခု။ ပျောက်တယ် အရေး။ ပန်းမာလ်ရွက်ဝေ။ သီလာမြေ တောင်ငယ်နှင့်။ ခုသည်ဝယ် - ရှာရန် ခက်တယ်လေ၊ မှိုင်ရက်နှင့်ဆွေး။ * စကြာတော်ရင်း၊ ဆက်လာခွန်သွင်း။ ဟူ၍၎င်း၊ စကြာတော်ရင်း၊ ဆက်လှာဝပ်စင်း။ ဟူ၍၎င်း မူကွဲများ ရှိပါသည်။

https://music.youtube.com/podcast/ILtPFIn6jf4

https://www.youtube.com/watch?v=eZnLsEJOmbw

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ