တင်ထားတဲ့စာ = Cooking Fresh Bamboo Shoots မျှ စ်ချက်နည်း ကွန်မင့်တခု = ဆရာ အခုလို Post အရှည် ကြီးတွေ တင်ရင် ဘယ် Device တိုင်းမှာ ဖြစ်ဖြစ် အဆင်ပြေပြေ ဖတ်လို့ရအောင် ရေးတင်ဖို့ အကြံပြုချင်ပါတယ်။ ပြန်စာ တချို့က တိုတိုတဲ့။ တချို့က ပြည့်စုံအောင်တဲ့။ ၃ ကြောင်းကဗျာမှာ ၃ ကြောင်းသာပါတယ်။ လေးကြိုးကြီးကတော့ ရှည်တယ်။ တမျက်နှာဝတ္ထုတို၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ လုံးချင်းဝတ္ထု။ အခန်းဆက်၊ ပဌမတွဲ၊ ဒုတိယတွဲ။ ကျွန်တော်က စာရေးဆရာ မဟုတ်ပါ။ နိုင်ငံရေး၊ ဆေးပညာနဲ့ တခြားစာလေးတွေကိုသာ ရေးပါတယ်။ တခါခါအတော်ရှည်မိတယ်။ တခါတခါ စိတ်လည်းမရှည် စာလည်း တိုတယ်။ စာတချို့ကို လက်တန်းရေးတယ်။ စာတချို့အတွက်သုတေသနလုပ်၊ ဘာသာပြန်ပြီး မြန်မာပြည်သားတွေနဲ့ ကိုက်ညီလောက်တာကို စိစစ်ပြီးရေးပါတယ်။ တချို့စာလေးတွေကို ၃-၄ ရက်အချိန်ယူရေးပါတယ်။ အဆင်မပြေသူများအတွက် တောင်းပန်ပါ၏။ ဒေါက်တာတင ့် ဆွေ
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။