Skip to main content

တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့

ပါတော်မူခန်း (၁)

သီပေါကို လာဖမ်းသွားတာ ရပ်ကြည့်နေကြတယ်ဆိုပြီး တချို့က ငြင်းချင်တယ်။ ပြည်သူက ဘုရင်ကို မချစ်လို့ပါပေါ့တဲ့။ မချစ်ရင် ဘာလို့ ပါတော်မူတုန်းက လမ်းဘေးမှာ ရပ်ကြည့်ပြီး ငိုနေကြတာတုံးတဲ့ ရေးကြတယ်။

သီပေါမင်းနဲ့ စုဖုရားလတ်ကို ရပ်ကြည့်နေခဲ့ကြတဲ့ မန္တလေးပရိသတ်လည်း အင်္ဂလိပ်ကို ကြိုက်ကြလို့တော့ မဟုတ်ပါ။ ဦးကောင်းကို အပြစ်တင်ကြတယ်။ အဲလိုလူတွေက ကင်းဝန်မင်းကြီးဆီ ကျောက်ပြင်နဲ့ ထဘီပို့လိုက်ဆိုတဲ့ စုဖုရားလတ်ကို ချီးမွမ်းကြသတဲ့။ မျိုးချစ်ဆိုတာ အဲဒီကစတယ်။

ပါတော်မူခန်း (၂)

မြန်မာနိုင်ငံသမိုင်းမှာ ဘုရင်စုစုပေါင်း (၁၂၀) ပါးရှိတယ်။ ဘုရင်ရုပ်တွေထုထားတာကတော့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားလို့ ထင်တယ်။ 

တချို့က ပျူခေတ်က ရှေးဟောင်းအမွေတွေထက် ပျူဘုရင်မကိုသာ လွမ်းနေကြတယ်။ စလေငခွေး၊ နရသီဟပတေ့ တို့တတွေလည်း ကိုယ့်တိုင်းပြည်က ဘုရင်တွေလို့ သိထားရမယ်။ တောင်ငူအင်ပါယာမှာ သေသောက်ကြူးတဲ့ တပင်ရွှေထီးနဲ့ ဒီဘရစ်တိုနဲ့ မဟာမိတ်ပြုတဲ့ နတ်ရှင်နောင် အဖြစ်မှန်တွေလည်း သိရမယ်။

ကျွန်တော်ကတော့ ကျောင်းသားဘဝကတည်းက သာလွန်မင်းကိုသဘောကျခဲ့တာ။ ရာဇာဘိသေက မခံသေးခင် ပြည်ထဲရေးကို အရင်ရှင်းတယ်။ စီးပွါးရေးပြန်လည်ထူထောင်အောင်လုပ်တယ်။ သန်ကောင်စာရင်း၊ အခွန်အတုတ်စစ်တမ်း ကောက်ယူတယ်။ အသုံးအစွဲချွေတာရေးလုပ်တယ်။

အင်းဝခေတ်မှာ ပေါ်ထွန်းခဲ့ကြတဲ့ ပေလေးပင်ရှင်လေးပါးကို အလွန်တန်ဖိုးထားတယ်။ ရုပ်တုတွေတော့ မထုစေချင်ပါ။ သတ်ပုံပြင်ထုတ်နေတဲ့စာတုတွေနဲ့ကို ဒုက္ခများနေရတယ်။

မြန်မာပြည်ပရိသတ်ထဲမှာ ပါတော်မူ နှစ်မျိုးနှစ်စားရှိတယ်။ အစစ်ကို တန်ဖိုးထားသူတွေနဲ့ ရွှေရည်စိမ်ကို ကိုးကွယ်ချင်သူ။

ပါတော်မူခန်း (၃)

ပါတော်မူခန်း (၁) နဲ့ (၂) အောက်မှာ ကွန်မင့်တွေ အကုန်ဖတ်ပါတယ်။ လိုရင်းရောက်တဲ့သူရှိပေမဲ့ နည်းတယ်။ လမ်းလွဲတွေးသူက မနည်းလှ။ ကျွန်တော်က ခပ်တိိုုသာ ရေးချင်သူ။ လိုရင်းအရောက် သဘောပေါက်သူက တဝက်လောက်သာရှိတတ်တယ်။ ဆေးပညာစာတွေမှာ အဲလိုသာဖြစ်ရင်တော့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ နိုင်ငံရေးမှာတော့ ဘယ်လောက် ခရေစေ့တွင်းကျရေးရေး ဘေးရောက်သူဆိုတာရှိစမြဲ။

ပါတော်မူခန်း (၄)

ကျွန်တော်တို့ငယ်ငယ်က ပြက္ခဒိန်အသစ်ရတိုင်းကြည့်ကြတယ်။ နှစ်ဆန်း ၁ ရက်နေ့က တောင်သူလယ်သမားနေ့။ တန်ဆောင်မုန်းလဆုတ် (၈) ရက်နေ့က ပါတော်မူနေ့။ 

အခုမထည့်ကြတော့ပါ။ တရုပ်နေ့တွေနဲ့ အစားထိုးလာကြတယ်။ 

ပါတော်မူကိုတော့ သင်ခန်းစာမယူ၊ စစ်ဘုရင်တွေကိုသာ ကိုးကွယ်ရာလို့လုပ်နေကြတယ်။ ပါတော်မူခန်းလို့ ခေါင်းစဉ်တပ်ထားတာ။ သီပေါမင်းသာပါတာ မဟုတ်။ အတွေးအမြင်တွေပါ ပါကုန်ကြတာ။

ဒေါက်တာတင့်ဆွေ

၁-၁၂-၂၀၁၇

Comments

Popular posts from this blog

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဂဏန်းရေးနည်း သင်ပုန်းကြီး

တရာ မှာ တ​ယောက်လား တစ်ရာ မှာ တစ်​ယောက် လား ဆရာ ပို့စ် တင်ပါမည်။ ၅-၁၀ ကြိမ်လောက်တော့ တင်ပြထားပြီး။ ဂဏန်းရေးနည်း ဘတ်နည်း ပုံစံ တစ် ၁ နှစ် ၂ သုံး ၃ လေး ၄ ငါး ၅ ခြောက် ၆ ခုနစ် ၇ ရှစ် ၈ ရှစ်ကိုး ၉ တဆယ် ၁၀ Numbers မှား မမှန် လွဲ လျှာရှည် https://burmese-spelling.blogspot.com/2023/06/numbers.html Numbers ဂဏန်းရေးနည်း (၂) https://burmese-spelling.blogspot.com/2022/08/numbers.html Numbers ဂဏန်းရေးနည်း (၃) https://burmese-spelling.blogspot.com/2024/01/numbers.html ဒေါက်တာတင့်ဆွေ