ကွန်မင့်တခု = မင်္ဂလာပါလို့ရေးရတာခက်ခဲလို့လည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆရာ
ပြန်စာ
ကျွန်တော်ကတော့ အဲလို မထင်ပါ။ ဘိုစာကို အင်မတန်ရေးချင်သူတွေဖြစ်ပါမယ်။ မင်္ဂလာလို့ရေးရင်လည်း မဂ်လာတဲ့။
တချို့ကတော့ အလွန်မတန် ရွှေဗမာဆန်ချင်ကြတယ်။ ဒေါက်တာလို့ရေးတာကို ကန့်ကွက်ကြတယ်။
သူတို့သုံးနေကြတာက မျက်နှာစာအုပ်ကြီး။
တချို့ကလည်း မြန်မာစာပညာစွမ်းတွေပြကြတယ်။ ကျွန်တော့အမည်ကို ဓ နဲ့ရေးတတ်သတဲ့။ သူ့နေရာနဲ့သူတော့ ဆရာကြီးတွေ၊ ဆရာမကြီးတွေဖြစ်မယ်။
"ဆဲလီ" ဆိုသူတွေရေးတဲ့ ကမောက်ကမ စာတွေကို ထောက်ပြပါဦးလို့ ပုံတွေရိုက်ပို့ကြတယ်။
အဲလို တကယ်မတတ်လို့ရေးတာတွေရော၊ အမြီးအမောက်တည့်အောင်မရေးတာတွေကိုတော့ ကြော်ငြာပေးသလို ထောက်ပြခြင်းမပြုပါ။
မှားမှ၊ လွဲမှ၊ လိမ်ညာမှ လူကြိုက်များတဲ့ခေတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment