The world is full of idiots ဘန်းစကား စားရင်း ဝနေကြသူများ
သူများနေရာတွေမှာ တင်ကြ၊ ရေးကြတာကို မပြောလိုပါ။
ကျွန်တော့ ဖေ့စ်ဘွတ် စာမျက်နှာမှာလာပြီး ဘန်းစကားလေး တလုံးစ နှစ်လုံးစ ရေးတတ်ကြောင်း လာလာပြီးကြွားလုံးထုတ်နေသူတွေ ကို နေ့စဉ်နေ့တိုင်း တွေ့ရတယ်။
တင်ပြထားတဲ့ စာလုံးပေါင်းသတ်ပုံအကြောင်းကို လိုက်မမီကြသူတွေ။
တနည်းအားဖြင့် -
- လူပြိန်းတွေ။
- ပညာအခြေခံနိမ့်လွန်းသူတွေ။
- တနေ့တမျိုးပေါ်နေတဲ့ စကားလုံးအသစ်အဆန်းကိုသာ ဦးထိပ်ပန်ဆင်နေသူတွေ။
အဲလိုအဆင့်လောက်သူရှိသူတွေက သူတို့ကိုယ်သူတို့ အဟုတ်ကြီးမှတ်နေကြလေရဲ့။
သူတို့ကို 'ဘလော့' ပါတယ်။ လူ ၁၀၀၀ (တထောင်) ကျော်ပြီ။
အဲလိုလူတွေများတာ တိုင်းပြည်အတွက် မကောင်းပါ။
အရင်ကတော့ 'ဘလော့' လိုက်သူတွေ နေမကောင်းလို့ မေးချင်ရင် မေးလို့မရတော့မှာကို စိုးရိမ်ခဲ့တယ်။
မြွေကို အစာကျွေး၊ နေစရာပေး၊ ကျန်းမာစေကြောင်းဆုတောင်းပေးလည်း မြွေက ကိုက်မှာဘဲ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment