ဘောလုံးပွဲကို ဘောလုံးဝါသနာ ပါတဲ့သူတွေကသာ ပါတယ်။
မြန်မာပြည်က ဘောလုံးဝါသနာပါတဲ့သူတွေကတော့ အလွန်ထူးခြားတယ်။
ဘောလုံးပွဲရှိတဲ့နေ့ဆို ညဉ့်နက်သန်းကောင်လည်း မအိပ်။ အိပ်ရာက ထကြည့်ကြတယ်။
ကိုယ်မကြိုက်တဲ့အသင်းတွေအကြောင်း တစ်တစ်ခွခွ၊ ပက်ပက်စက်စက်ပြောနည်းကလည်း အဘိဓာန်တွေ တအုပ်ပြီးတအုပ် ထုတ်လောက်တယ်။
ကြိုတင်ခန့်မှန်းကတော့ ပညာတွေအတော်ပါတယ်။ နံကြားထောက်နည်း ကျွမ်းကျင်ကြသေးတာ။
ချီးမွမ်းစရာ ကျန်သေးတယ်။ နိုင်ငံသမားတွေနဲ့ လားလားမှမတူ။
ကိုယ့်အသင်း အခါနှစ်ဆယ်ဆက်တိုက်ရှုံးနေလည်း အသင်းမပြောင်း။
နိုင်ငံရေးသမားတချို့ကတော့ ရွေးကောက်ပွဲဟဲ့ဆို ဖျာအရင်ခင်းကြတယ်။
ကျွန်တော်ကတော့ တခါတည်းပါ။
ခေတ်သစ်နိုင်ငံရေးသမားဆိုသူတွေက ရှုံးလည်း အမဲ့မပျက်။ ငိုလည်း မငိုတတ်။
ဒေါက်တာ တင့်ဆွေ

Comments
Post a Comment