စာတပုဒ်
ကာတွန်း ကျော်ဆန်း (ကဆ) ခင်ဗျား
အခုတော့ -
စာတပုဒ်ကို ကြံတောပို့လိုက်ရပြီဆရာ။
မစော်ကားဝံ့ပါ
ရုပ်တရုပ်
စာအုပ်တအုပ်
ကာတွန်းဆရာတယောက်
ကာတွန်း ဖေသိန်း ခင်ဗျား
အခုတော့ -
ရုပ်တရုပ် ကွယ်လွန်
စာအုပ်တအုပ် အနိစ္စရောက်
ကာတွန်းဆရာတယောက် ဘဝတပါးပြောင်းသွားပြီဆရာ။
စာချစ်သူတိုင်းရဲ့တာဝန်
ကမ္ဘာလောကကြီးတခုလုံး
စာအုပ်ကတဆင့်
ကာတွန်းမြေဇာခင်ဗျား
အခုတော့ -
ကမ္ဘာလောကကြီးတခုလုံးကို မြေမြှုပ်လိုက်ရပြီဆရာ။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment