၁။ အရေအတွက် ကိန်း ဂဏန်းနဲ့ အကောင် ဂဏန်းနဲ့က စာလုံးပေါင်း အတူတူပဲလားဆရာ။ ဒါမှမဟုတ် တခြား သိသိသာသာခွဲခြားထားတာ၊ ခွဲခြားလို့ရတာရှိလားဆရာ။
၂။ ကနန်း အမှန်လားဆရာ ယခုခေတ် ဂဏန်းလို့ ခေါ်နေကျတာ (ကြတာ)
၃။ ဂဏန်းကောင်လို့ရေးတာမှန်ပါသလား ကဏန်းကောင်လို့ရေးတာမှန်ပါသလားရှင့်
၄။ ဂဏန်းကောင်ဆိုတာ သတ်ပုံမှားနေပါတယ်။ ငယ်ငယ်ကတည်းက အမှားအတိုင်းသင်ခဲ့ရတယ်။ မှားမှန်း မသိခဲ့ဘူး။ ကြီးမှ ဟိုဖတ်ဒီဖတ် တောင်ဖတ်မြောက်ဖတ်နဲ့သိရတာ။ ဂဏန်းဆိုတာ ဂဏိတဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ။ ဂဏန်းသချင်္ာအတတ်၊ အတွက်အချက်ပညာလို့ အဓိပ္ပါယ်ရကြောင်း ဖတ်ဘူးပါတယ်ဆရာ။ ရေသတ္တဝါမဟုတ်ပါ။ မမှားဘူးဆိုရင် သူ့သတ်ပုံအမှန်က ကနန်းလားမသိဘူး။ မေ့တေ့တေ့တော့ဖြစ်နေပြီ။
၅။ ဟံသာဝတီပုံနှိပ်တိုက်ထုတ် ဦးကြင်ဥ၏ ပဒေသာသီချင်းများ စာအုပ်က ဖြစ်ပါတယ် ဆရာ။ ကနန်းကောင် နှင့် ဂဏန်းကောင် နှစ်ခုမှာ ဂဏန်းကောင် ဆိုတဲ့ အရေးအသားတခုဘဲ သိကြတာများတယ်ဆရာ။ စာထဲမှာတော့ အရေးကွဲတယ် ရေးထားတယ်။
ကျွန်တော်တို့သူငယ်တန်းမှာ
ဂ ဂဏန်းကောင်း လက်မထောင်
ဂ ဂဏန်း ရေမှာဖမ်း
ဂ ဂဏန်းသင် ပြုံးရွှင်ရွှင်
• ပါဠိ-မြန်မာ အဘိဓာန်အရ ဂဏန်းဆိုရင် သချင်္ာလို့ဆိုလိုတာ မှန်တယ်။
• ခုခေတ်ထုတ်သတ်ပုံစာအုပ်မှာ ကဏန်း လို့ပါတယ်။
• မြန်မာ့စွယ်စုံကျမ်းမှာ ကနန်း လို့ရေးပါတယ်။
• ဦးသာမြတ် သတ်ပုံကျမ်းမှာ ကနန်းကောင်၊ ဂဏန်းသချင်္ာ။
• ကဝိဓဇ သတ်ပုံကျမ်းမှာ ကနန်းကောင် (ပယ်လယ်ဗုဇွန်လုံး)
စားတဲ့အကောင်ကို (ကနန်း) လို့ရေးတာက အမှန်ဆုံးဖြစ်ပါမယ်။ ဒါပေမဲ့ မူကွဲသတ်ပုံရှိတာကိုလည်း သိသင့်တယ်လို့ ယူဆပါတယ်။
ဂဏန်း ရေးနည်း ဘတ်နည်း https://burmese-spelling.blogspot.com/2023/10/blog-post_327.html
ဒေါက်တာတင့်ဆွေ




Comments
Post a Comment