စောနဲ့ ဆော မှားရေးတာတွေကို မကြာခဏတွေ့ရလို့ ၄-၅-၆ ခါ တင်ပြထားပါတယ်။
တချို့က အစောတလျင်ကို မှန်တယ်လို့ ထင်နေကြတယ်။ စောတာကိုသာ သတိထားမိလို့ ဖြစ်ပါတယ်။ မဟုတ်ပါ။
အဆောတလျင်က စကားစုဖြစ်ပါတယ်။ ကြိယာဝိသေသန။
လျင်မြန်စွာ။ လျင်လျင်မြန်မြန်။ အလျင်စလို။
စောပြီး = ကြိယာဝိသေသန။
စောစွာ = ကြိယာဝိသေသန။
စောစော = ကြိယာဝိသေသန။
စောစောအိပ်လို့ စောစောထ။
မောင်ဘက မောင်လှထက် စောပြီးရောက်သည်။
စောသော = နာမဝိသေသန။
နံနက်ခင်းသည် နေ့လယ်ခင်းထက် စောသောကာလဖြစ်၏။
အဆောတလျင် မဆင်ခြင်ပဲ ရှောင်တခင်ဟု ပြုမိသောအမှုသည် မရှိ။
ဆောလျင်စွာ = မနှောင့်မနှေး။ မြန်မြန်ထက်ထက်။ လျင်မြန်စွာ။ ရေစုန်တွင်လှော်ခတ်နေသည့်လှေငယ်သည်ရေစီးသန်ပါကအချိန်တိုတိုနှင့်လိုရာခရီးသို့ဆောလျင်စွာရောက်နိုင်။
စောလျင်စွာလို့ရေးရင် မှားမယ်။ အစောကြီးအိပ်ရာထလို့ ရေးနိုင်တယ်။ ဆောလျင်စွာအလုပ်သွားတယ်လို့ ရေးသင့်တယ်။
ညသန်ကောင်မှာ အရေးတကြီး အဆောတလျင် ဆေးရုံသွားတယ်။ အဲတာကို စောနဲ့ရေးရင် မှားတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment