Skip to main content

ကားမောင်းရင် ဆိုင်းဘုတ်မကြည့်နဲ့

အရှေ့ယာဉ်နှင့်လွတ်ကင်းသည့် အကွာအဝေးမှမောင်းပါ

ပုံကို တယောက်က ပို့ပေးပါတယ်။ ရန်ကုန်ကတဲ့။ ကျေးဇူး။

ရှေ့ နဲ့ အရှေ့ မှားနေသည်။

အရှေ့ယာဉ်ဆိုတာ East ခေါ် အရှေ့အရပ်ကလာတဲ့ယာဉ်။ 

ရှေ့ဘက်မုခ် လည်း မမှန်ပါ။ အရှေ့ဘက်မုခ်လို့လည်းရေးနိုင်တယ်။ စကားပြောရင် အရှေ့မုခ်။

မန္တလေးမှာ ဘုရားကြီး အရှေ့မုခ်၊ အနောက်မုခ်လို့ ပြောဆိုကြပါတယ်။

နေ့ပြော နောက်ကြည့်၊ ည(ညဉ့်)ပြော အောက်ကြည့်။

ရန်ကုန်မှာ ကားမောင်းရင် ဆိုင်းဘုတ်မကြည့်နဲ့။

စာမှားရေးတာကို

တချို့က အလွယ်ရေးလို့ပါတဲ့။

တချို့က ကီးဘုတ်ကြောင့်တဲ့။

တချို့က ကလေးတွေနေမှာတဲ့။ မြို့တော်ဝန်ရေးတာလားမသိ။

တချို့က ဖြည့်ဖတ်လိုက်ပါတဲ့။ ရေးတော့ ဖြည့်ဖက်တဲ့။

ယနေ့ခေတ်မြန်မာစာ အရှေ့မှာနေဝင်သည့်ပမာ။

ဒေါက်တာတင့်ဆွေ

Comments