Skip to main content

Dr. Norman Bethune ဒေါက်တာနော်မန်ဗက်သွန်း

ရေးထားတာ ၁၀ နှစ်ကကျော်ပြီ။ ကျော်အောင်ဘာသာပြန်စာအုပ် တွေ့လို့။ ငယ်ငယ်ကတော့ ဖတ်ဖူးတယ်။ မေ့ကုန်ပြီ။ ကျွန်တော်က တခြားကနေဖတ်ပြီး ရေးတာပါ။

မြန်မာပြည်ကစာဖတ်သူတိုင်း နော်မန်ဗက်သွန်းကိုသိကြပါတယ်။ အများစုက တရုပ်ပြည်မှာ စွန့်စွန့်စားစား စေတနာ အပြည့်နဲ့ သွားရောက်ကူညီတဲ့ ကနေဒါဆရာဝန်လို့သိကြမှာပါ။ ဒေါက်တာဗက်သွန်းက သူ့ရဲ့ ကမာ္ဘကျော်သမိုင်းတွင်တဲ့ လူမှုရေးဆေးကုသမှုကို စပိန်ပြည်တွင်းစစ်ကတည်းကစခဲ့တာပါ။ ဖက်စစ်ဖန့်ကျင်ရေးသမားဖြစ်တယ်။ စစ်သားတွေကိုရော ရွာသူရွာသားတွေကိုပါ ဆေးကုပေးပါတယ်။ 

ဒိနောက်မှာ ဒုတိယ တရုပ်-ဂျပန်စစ်ပွဲမှာ ခေတ်မီဆေးပညာနဲ့ တရုပ်ပြည်တောပိုင်းကို သွားရောက်ကုသပေးခဲ့ပါတယ်။ သူရဲ့ ကိုယ်ကျိုးမဖက် တရုပ်ဆင်းရဲသားတွေကို ဆေးပညာနဲ့အကူအညီပေးလို့ တရုပ်ခေါင်းဆောင် မော်စီတုန်းကစပြီး ကနေ့ တရုပ်နိုင်ငံသားတိုင်းကပါ ဒေါက်တာဗက်သွန်းကို လေးစားချစ်ခင်နေကြပါတယ်။ 

သူကပဲ စပိန်ပြည်တွင်းစစ်မှာ မိုဘိုင်းသွေးသွင်းကုသမှုကို ရှေ့တန်းစစ်မျက်နှာမှာစခဲ့ပါတယ်။ သူကိုယ်တိုင်ကတော့ သွေးအဆိပ်သင့်လို့ ၁၂-၁၁-၁၉၃၉ ကွယ်လွန်ခဲ့ရပါတယ်။ သူဟာ တီဘီရောဂါသည်လည်းဖြစ်ခဲ့တယ်။ အဲဒီ ၁၉၂ဝ ကျော်ကာလတွေမှာ တီဘီကို ထိရောက်အောင်မကုနိုင်သေးပါ။ 

ရောဂါတွေနဲ့ ဆင်းရဲမှုဆက်စပ်နေတာကို သူကစိတ်ဝင်စားပြီး စာနာစိတ်တွေပေါက်ပွါးလာတယ်။ အဲဒီအတွက် ကနေဒါမှာ အခမဲ့ဆေးကုသနိုင်ရေးအတွက် ကျန်းမာရေးဌာနတွေ၊ အစိုးရတွေနဲ့ ရင်ဆိုင်အန်တုပါတယ်။ သူပဲရှုံးပါတယ်။ ၁၉၃၅ မှာ ဆိုဗီယက်ယူနီယန်ကို အလည်သွားပါတယ်။ ကနေဒါကွန်မြူနစ်ပါတီဝင်ဖြစ်လာပါတယ်။ ၁၉၃၆ စပိန်ပြည်တွင်းစစ်မှာ သွားကူညီပါတယ်။ တရုပ်ပြည်ကို ၁၉၃၈ မှာသွားပါတယ်။ စစ်မျက်နှာအရေးပေါ် ခွဲစိတ်ခန်းလုပ်ပါတယ်။ 

နော်မန်ဗက်သွန်းကို ဂုဏ်ပြုပြီး ကနေဒါမှာရော တရုပ်ပြည်ကနေပါ တံဆိပ်ခေါင်းနှစ်မျိုးကို ဒီဇိုင်းတူနဲ့ ထုတ်ဝေပေးပါတယ်။ ဘေဂျင်းမြို့မှာရှိတဲ့  ဝန်ပိုင်ခံတပ်ထဲမှာ သူ့ရုပ်တုထားရှိပါတယ်။

ကျော်အောင်ရေးတဲ့စာအုပ်မှာ မြန်မာစာကို သတ်ပုံမှန်နဲ့သာ ရေးထားကို တင်ပြလိုက်ပါတယ်။ သတ်ပုံဖျက်ခံထားရတဲ့ မြန်မာပြည်မှာ နော်မန်ဗက်သွန်းရေးထားခဲ့တာတွေက မှန်နေဆဲပါ။ 

သူ့ရဲ့ဆေးပညာစည်းကမ်းက အင်မတန်သဘောကျစရာကောင်းတယ်။ 

• ဆေးပညာဆိုတာ ဈေးကြီးပစ္စည်းကုန်သွယ်ရေးတခု ဖြစ်တယ်။ 

• ပေါင်မုန့်ကို ကျောက်မြက်ရတနာလို ရောင်းဝယ်ကြတယ်။ အမြတ်အစွန်းရဘို့ပဲ။ 

• ဆေးပညာကနေ ကိုယ်ပိုင်အကျိုးစီးပွါးဖြစ်ရေးပဲ။ လောဘသမားတွေပဲ။ 

• လူချင်းတွေ့ရင် မင်းဘယ်လောက်ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်လုပ်ပေးနိုင်သလဲ မဟုတ်ကြဘူး။

မှတ်ချက် -

စာအုပ်ထဲက တနှစ် စာလုံးလည်း ကွယ်လွန်သွားပေပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ