၁။ ဘုရားပုံတော်နဲ့ စာလာတင်တယ်။ နွမ်းသတ်ပုံကလည်း မှားနေတယ်။
၂။ ဘုန်းကြီးဘွဲ့နဲ့ ဆုတောင်းစာတခုမှာ ခလုပ်မထိ ဆူးမငြိတဲ့။
ခလုတ်လို့ ရေးရတယ်။
၃။ ဆုတောင်းစာတခုမှာ ကြံစဉ်သမျှတဲ။
ကြံစည်သမျှလို့ ရေးရတယ်။
၄။ အာရုဏ်ဦးရဲ့ နံနက်ချိန်ခါ မင်္ဂလာတရားတော်တွေပါတဲ့။
အရုဏ်ဦးလို့ရေးရတယ်။
၅။ ဆဌသံင်္ဃာရတနာတင်ကမ္ဘာအေးလိုင်ကူတဲ့။
ဆဋ္ဌသံဂါယနာ (သင်္ဂါယနာ) လို့ ရေးရတယ်။ လိုဏ်ဂူ(မဟာပါသဏလိုဏ်ဂူ)လို့ ရေးရတယ်။
၆။ ရန်ကုန်ဆေးရုံကြီးမှာ ခွဲစိတ်မှုခံယူတဲ့ သံင်္ဃာ ၂ ပါးကတော့တဲ့။
သံဃာ ၂ ပါးလို့ ရေးရတယ်။
၇။ ဘုရားရတနာ၊ တရား၇တနာ သံင်္ဃာရတနာတဲ့။
သံဃာရတနာလို့ ရေးရတယ်။
မတရားစာတွေကို မတင်သင့် မဝေသင့်ကြပါ။ မတရားတာတွေ မလုပ်သင့်ကြပါ။
ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၇

Comments
Post a Comment