အရင်ကတော့ ၁၂ မျိုးဟင်းချိုလို့ တရုပ်စားသောက်ဆိုင်းတိုင်းမှာ ရတယ်။ အခု ၁၂ မျိုးဟင်းခါးဆိုပြီး ကြာဆံ (ကြာဆန်) ဟင်းကို အမည်ပေးကြပြန်တယ်။ မမှန်ပါ။
၁၂ မျိုးဟင်းချိုအကြောင်း ကူးယူတင်ပြပါမယ်။
အသားနဲ့ အရွက် ၁၂မျိုးနဲ့ရောချက်ထားတာကို ဆိုလိုပါတယ်။
ပါဝင်ပစ္စည်းများ
၁။ ဝက်နံရိုး ၂၀၀ ဂရမ် (တုံးပြီး)
၂။ ကြက်အသဲ ၅၀ ဂရမ်
၃။ ငုံးဥ (ကြိုက်သလောက်)
၄။ ငါးဖယ်လုံး ၈လုံး
၅။ ပဲပြား
၆။ ဘိုစားပဲပြား
၇။ ပြောင်းသူငယ် (ဘေဘီကွန်း)
၈။ ပန်းဂေါ်ဖီ
၉။ မုန်လာဥနီ
၁၀။ မုန်ညင်းဖြူ
၁၁။ ခရမ်းချဉ်သီး
၁၂။ ဂေါ်ဖီထုပ်
ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၃မွာ၊ ငရုတ်ကောင်း၊ ပဲငံပြာရေ ၁ဇွန်း
ဝက်နံရိုးကို ဂျင်းထည့်ပြီး ပဌမရေ ၃ လီတာဖြင့်ပြုတ်ပါ။
အသားများနူးပြီဆိုရင် ကြက်သဲမြစ်။
ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရေ။ ရေပြန်ဆူလာရင် ငုံးဥပြုတ်၊ ငါးဖယ်တို့ထည့်။ ပြီးမှ ပဲပြား၊ အသီးအရွက်များထည့်ပါ။
ကြက်ဥထည့်ချင်ရင်ခလောက်ပြီး ဖြေးဖြေးချင်းလောင်းထည့်ပါ။
ဆူပွက်လာရင်အရသာမြည်းပြီး ပူပူနွေးနွေးဖြင့် တည်ခင်း၍ရပါပြီ။
ဝက်နံရိုး (တုံးပြီး)၊ ကြက်အသဲ၊ ငုံးဥ၊ ငါးဖယ်လုံး ၈လုံး၊ ပဲပြား၊ ဘိုစားပဲပြား၊ ပြောင်းသူငယ်၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ် တို့ဖြင့်စီမံထားသည့် ၁၂မျိုးဟင်းချိုရပါပြီ၊ ဝက်အစား ကြက်ရိုး သုံးလို့ရပါတယ်။
(၂)
ကြာဆန်ဟင်းခါး ပါဝင်ပစ္စည်းများ
ကြာဆန်တဆယ်သား
ကြက်သား ၁၅ကျပ်သား
ကြက်သွန်နီ ခြောက်လုံး
ကြက်သွန်ဖြူ ဥကြီး တလုံး
ငံပြာရည် (ငံပြာရည်ကို သုံးရင် အရမ်းအနံ့မဆိုးတဲ့ ငါးငံပြာရည် အချိုရည်ကိုသုံးပါ)
ဆား ကြက်သားမူန့်၊ အချိုမူန့်.သကြားအနည်းငယ်
ဆနွင်း အရောင်တင်မူန့် ငရုတ်ကောင်းမူန့် အနည်းငယ်
ကြက်ဥ နှစ်လုံး (ဘဲဥ/ငုံးဥ) ကိုယ်နှစ်သက်ရာ
မိူခြောက် ပန်းခြောက် ပဲပြားလိပ်တထုပ် နံနံပင် ကြက်သွန်မိတ် သံပုရာသီး ငရုတ်သီးလှော်မူန့် ဆီ အနည်းငယ်တို့ လိုအပ်ပါတယ်
ငါးဖယ်ကို ပြုတ်ပြီး အတုံးသေးသေးလေးတွေတုံးပြီး ထည့်ချင်လည်းရပါတယ်။
မှတ်ချက်
လူသုံးများပြီးသား အမည်တွေကို ကိုယ်ထင်သလို မပြင်သင့်ကြပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment