တကယ်လို့ လှေက ရှေ့ရောက်အောင် (နောက်ပြန်မဟုတ်၊ သွားလိုတဲ့အရပ်) ဆီ ဦးတည် သွားနေတတာမှန်ရင်တော့ ရှေ့ရောက်အောင်လို့ ရေးရပါမယ်။
မင့်ဟာက ရှေ့ကိုမရောက်တော့ဘူး။
ငါ့ရှေ့က မကွယ်နဲ့။
ရှေ့လျှောက် စာကြိုးစာမယ်။
အရှေ့ဘက်အိမ်က သဘောကောင်းတယ်။
အရှေ့တိုင်းနိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေ မတူပါ။
အရှေ့က နေဝန်းထွက်သည့်ပမာ (သိန်းဖေမြင့်)
“ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးအားလျှင်၊ သားတယောက်ဖြစ်၊ ချစ်၍တစေ။ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ သူဌေးသားသည်၊ သိုထားမတတ်၊ အရပ်ရပ်၌၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှာကို၊ များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ အိမ်ကိုရောင်း၍၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်စွဲကာ၊ တောင်းစားပါလည်း၊ နင်သာလူမိုက်၊ ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ၊ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment