လူတဦးစီ၏ အကြိုက်နဲ့ ခံတွင်းအရသာ မတူညီနိုင်ပါ။ ကိုယ်နှစ်သက်တဲ့ အစားအစာဟာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။
ကိုယ့်အမေက ငယ်စဉ်မှာ ချက်ကျွေးတာမျိုး၊ ဟင်းစပ်တည့်တာမျိုး၊ တောင့်တနေချိန်မှာ စားချင်တာ စားရတာရတာမျိုး စတာတွေ။
ဟင်းတွေ ကောင်းနေတိုင်းလည်း မြိန်တာတော့ မဟုတ်ပါ။
"ခင်ရာဆွေမျိုး”
ခင်ရာဆွေမျိုးဆိုတာ ဆွေမျိုးအစစ်အမှန် မတော်စပ်ပေမဲ့ ကိုယ်နဲ့အလွန်ခင်မင်ရင်းနှီးတဲ့သူဟာ ကိုယ့်အတွက် ဆွေမျိုးတဦးလို အရေးပါတယ်လို့ဆိုလိုပါတယ်။
"ကျွန်တော်က ပြန်အားနာတာပါဗျာ၊ မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုးပေါ့၊"
ခင်မင်ရင်းနှီးမှုရဲ့ တန်ဖိုးနဲ့ ဆွေမျိုးရေးထက်ပင် ခိုင်မြဲနိုင်ပုံကို ဖော်ပြတာဖြစ်တယ်။
ဆွေမျိုးတွေဟာ သွေးသားတော်စပ် ဆက်နွယ်နေပြီး၊ ခင်မင်ရင်းနှီးမှုကတော့ နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ လေးစားမှုနဲ့ နားလည်မှုအပေါ်မှာ အခြေခံတယ်။
မြန်မာစကားပုံတွေထဲမှာပျော်ရာ နိဗ္ဗာန်ဆိုတဲ့ ဝေါဟာရလည်း ရှိသေးတယ်။
ပုံအတွက် ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment