Skip to main content

"နှင်းဆီပွင့်"

မေးခွန်းတခု = ဒီပုံထဲကစာကိုလဲရှင်းပြပေးပါဆရာ။

ပြန်စာ

ကဗျာဆိုတာ ဘာသာပြန်သလိုလုပ်ရလေ့မရှိပါ။ 

ဟိုခေတ်က ကဗျာတွေကိုတော့ ကျောင်းသုံးစာအုပ်တွေမှာ ခက်ဆစ်အဖြေ ထည့်ပေးရတယ်။

အခုကဗျာက ရိုးရှင်းပြီး နှစ်လိုဘွယ်ကောင်းတယ်။ ဘာသာမပြန်လိုပါ။

ကဗျာဖတ်သူတွေ မတူကြပါ။ 

တဦးတယောက်တည်းကနေ အသက်အရွယ်၊ စိတ်အခြေခံမတူရင် ကဗျာကို ပုံဖေါ် ခံစားချက်လည်း မတူတတ်ပါ။

ဖတ်မိတာတွေအရ ကဗျာရေးသူ ကိုယ်တွေ့ခံစားချက်တခုကနေ ဒီကဗျာ ဖြစ်လာတာပါတဲ့။ 

အထင်ကိုရေးတာ ဖြစ်နိုင်လို့ ထည့်သွင်းဖေါ်ပြခြင်း မပြုတော့ပါ။

ဒေါက်တာတင့်ဆွေ

Comments