ကိုဒွေ "တစ်"ယောက် ရှိသည်။
ကျယ်မ "တစ်"ယောက် အော်ဟစ်နေသည်။
ချစ်သော "တစ်"ယောက် များသည်။
ရပြီ ကို ကပြီ လို့ရေးတဲ့ "တစ်"ယောက်တွေ ပေါသည်။
ပါပြီ ကို ပါပီ လို့ရေးတဲ့ "တစ်"ယောက် ပေါပေါများများတွေ့ရသည်။
ရန်ကုန်မှာ ကို ရန်ကုန်မာ လို့ရေးတဲ့ "တစ်"ယောက်တွေ ရန်ကုန်လမ်းပေါ်မှာ ခလုတ်တိုက်လောက်အောင်များသည်။
ဖြစ် ကို ဖစ် လို့ရေးနေသူတွေ နိုင်ငံတကာမှာ မြင်မကောင်းအောင်များသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment