ဒေါက်ဒက်ရယ် ညံ
ဘာသံလို့ မေး။ ။
မေးပါနဲ့ လေ
ဒို့တိုင်းပြေ ဝတ်ရေး လွယ်စေဘို့
ဒို့ပျိုမေ အထည် ရက်တယ်
လက်ခတ်သံ လေး။ ။
တချက်ချက် မြည်ဟန်
ဘာသံလို့ မေး။
မေးပါနဲ့ ရှင်
တီထွင်ကာ ကုန်ပိုထွက်စေဘို့
စုပေါင်း ညီညာလျက်ကယ်
ချားစတ်ကွဲ့လေး။ ။
ပျိုလေးရက်တဲ့ ဟိုအဆင်
ဘာအဆင်လို့ မေး။ ။
မေးပါနဲ့ နော်
မဲကွက်ပေါ် အဖြူသန့် နဲ့
ဝါဖန့်ဖန့် ငုရောင် တွဲတယ်
အံကွဲတဲ့ လေး။ ။
ကွင်းမှန်မှာ အနံကြီးလို့
စံမှီးခဲ့ သည်အဆင်
မောင်ကြီး ဝတ်ဘို့ပင်။
ပြည်တွင်းမှ တီထွင်၊
ယဉ်ယဉ်လှ သေး။
ချွောတာဖို့ စီစဉ်၊
အောင်မြင်လိမ့် မနှေး။
မကြေငြာ
ပြေဗမာ ကိုယ့်နယ်ဖြစ်ဟာမို့
ငယ်ချစ်မောင် ပြည့်လုပ်သားကို
ပါးလိုက်ရဲ့ လေး။ ။
(စတုတ္ထတန်း မြန်မာဖတ်စာ ၁၉၅၈ မှ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment