ဆရာ ကလေးဒွေ ယူဆော့ဒါနေမယ် ကျနော်လည်းဖြစ်ဖူးဒယ် ဆရာ့ ပို့စ် တခုမာ အားနာဘါဒယ်ဆရာ
စာကို တမင်တကာဖျက်ရေးတာလို့ ထင်တယ်။
အဲလိုဖျက်ဆီးရတာကို ခေတ်မီတယ်ထင်သူက များတယ်။ မြန်မာစာကို တလုံးပြီးတလုံးဖျက်နေကြလေရဲ့။
ဒယ်ဆိုတာ ကြော်စရာ
မာဆိုတာ မပျော့တာ
တစ်ဆိုတာ မျိုချ မရတာ
ဒွေ၊ ဒါ၊ ဒယ်၊ မာ၊ ဘာဒယ်
ပါပီ ခေါ် ခွေးကလေး
ဖစ် ဆိုတာ ဦးဖစ်၊ ဒေါ်ဖစ်၊ ကိုဖစ်၊ မဖစ်
ကျန်းမာရေးမေးတာတွေဖြေနေရတော့ စာနည်းလည်းလွဲတာနဲ့ ရောဂါအမည်လွဲနိုင်တယ်။ ဆေးနည်း လွဲနိုင်တယ်။
ဖျက်တာ၊ လွဲတာ၊ မှားတာသာ သိချင်သူတွေ ကျွန်တော့်ကို မမေးပါနဲ့။ အပျက်တွေ ရနိုင်မည်မဟုတ်။
ခေတ်ကတော့
လွဲမှ၊ မှားမှ၊ ပျက်မှ၊ လိမ်မှ၊ ညာမှ
ကုန်ရောင်းလည်းရ။
လူရောင်းလည်းရ။
ပိုက်ဆံလည်းရ။
တရားလည်းရ။
ယမမင်းရှေ့မှာလည်း ဒယ်အိုးကြီးနဲ့ဆိုလား။
ဖျက်ဆီးရတာကို ခေတ်မီတယ်ထင်သူက များတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၅-၂၀၁၉
Comments
Post a Comment