ပိုးစာရွက် ချက်နည်းသိပါရစေဆရာခင်ဗျာ
ဟင်းချိုရွက်
ချက်သလိုပါဘဲ။
အညာသားတွေကတော့
လေးလေး၊ နည်းနည်းလေးစပ်စပ်၊ အရည်ပါ။
ဆီနည်းနည်း။
ဆီက မပါတော့ မရှိ။ ဆီမပါ ဖက်ရှင်ဆိုတာ အခုမှသာ။
ကြက်သွန်ဖြူနီလည်း
ပါတတ်တယ်။ အချိုချက်တာ ခရမ်းချဉ်သီးထည့်လေ့မရှိပါ။
တခါတခါ
ပုစွန်ခြာက်။
အများအားဖြင့်
အစပ်ဆိုတာ ငရုတ်သီးခြောက်မှုန့်။
တချို့ဟင်းရွက်ချက်မှာ
ငရုတ်သီးစိမ်းနည်းနည်းထည့်ကြတယ်။
အကြိုက်တော့
မတူကြပါ။
အခုခေတ်မှာ
အမည်အဆန်းပေးတာကိုသာ ကြိုက်ကြသတဲ့။ အညာချက် တန်းမဝင်။
ခွေးတောက်ရွက်၊
မြူရွက်၊ ဘောက်ရွက်၊ ပြည်ပန်းညိုရွက်၊ ဟင်းနုနွယ်၊ ချက်နည်းမကွာလှပါ။
ခြံစည်းရိုးက
ခူးလို့ရတဲ့ ဟင်းရွက်စုံ (ကင်းပုံရွက်၊ ကြက်ဟင်းခါးရွက်၊
ဂေါ်ရခါးညွန့်၊ ဗူးညွန့်၊ ဖရုံညွန့်၊ ဆူးပုပ်ကလေး) ချက်နည်း ဆင်ပါတယ်။
ပဲရွက်၊
ကစွန်းရွက်၊ ဒန့်သလွန်ရွက်၊ ဆူးပုပ်ကြီးချက်နည်း၊ ကြော်နည်း မတူပါ။
ကျွန်တော်က
ပါးစပ်နဲ့သာ ချက်တတ်တယ်။
ခြံစည်းရိုးဟင်းရွက်
၃၀ စာရင်း
၁။
ချဉ်ပေါင်
၂။ ဒန့်သလွန်
၃။ ပေါက်ပန်းဖြူ
၄။ ပေါက်ပန်းနီ
၅။ ပျဉ်းတော်သိမ်
၆။ တမာရွက်
၇။ တမာဖူး
၈။ ဥသျှစ်ရွက်
၉။ ကင်းပုံရွက်
၁၀။ ကင်းပုံသီး
၁၁။ ဂေါ်ရခါးညွန့်
၁၂။ ဂေါ်ရခါးသီး
၁၃။ ဖရုံညွန့်
၁၄။ ဖရုံဖူး
၁၅။ ဖရုံသီး
၁၆။ ဘူးညွန့်
၁၇။ ဘူးဖူး
၁၈။ ဘူးသီး
၁၉။ သခွားညွန့်
၂၀။ သခွားသီး
၂၁။ ပဲရှည်
၂၂။ စွန်တာနီပဲ
၂၃။ ပဲကြီးနွယ်
၂၄။ ကန်စွန်းနွယ်
၂၅။ ရုံးပတီသီး
၂၆။ ငရုတ်ရွက်
၂၇။ ငရုတ်သီးစိမ်း
၂၈။ ခရမ်းသီး
၂၉။ ဆူးပုပ်ရွက်
၃၀။ မြူရွက်
တချို့ဒေသများတွင်
ထပ်မံတွေ့ရသော အပင်များ
·
ကုလားပဲရွက်
·
ပဲစင်းငုံရွက်
·
သင်္ဘောရွက်
·
သင်္ဘောဖိုပွင့်
·
မျှစ်
·
သပြေညွန့်
·
မန်ကျည်းရွက်နု
·
ကန့်ကော်ရွက်နု
·
ခဝဲသီး
·
ကျောက်ဖရုံ
·
ဗုံလုံသီး
·
နံနံပင်
·
ပင်စိမ်း
·
ရှောက်ရွက်
·
သံပရာရွက်
စပျစ်ညွန့်
အညာရွာများတွင်
လူကြိုက်များသော "ခြံစည်းရိုးဟင်း" ၁၀ မျိုး
·
ချဉ်ပေါင်ဟင်း
·
ဒန့်သလွန်ရွက်ဟင်းချို
·
ပေါက်ပန်းကြော်
·
ကင်းပုံရွက်သုပ်
·
ဂေါ်ရခါးညွန့်ကြော်
·
ဖရုံညွန့်ဟင်းရည်
·
ဘူးညွန့်ကြော်
·
ဆူးပုပ်ရွက်ဟင်းချို
·
မြူရွက်ဟင်းချို
·
တမာဖူးသုပ်
ရှေးလူကြီးများက—
"ခြံစည်းရိုးက
ခူးစားရရင် ဈေးမလို"
ဟု
ပြောလေ့ရှိကြပါသည်။
“စာစပ်”
ယာတောပြန်
နှင်တံထောင်လို့
ပျိုတို့မောင်
ဘာမျှော်လင့်။
ညနေစာ
မောင်အလာ
အဆင်သင့်။
ဟင်းရွက်စုံ
ငပိခတ်
(ငယ်ကကြင်မြတ်)
မိသက်မှတ် ရှင့်။
Comments
Post a Comment