Skip to main content

မြန်မာ သဒ္ဒါ

(မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၀)

သဒ္ဒါ မတတ်-စာမတတ် ဟူရာ၌ စာဟူသည်ကား စက္ကူပေါ်တွင် ရေးသားထားသော အက္ခရာကိုသာ ဆိုသည်မဟုတ်။ အက္ခရာ၏အသံကိုသာ ဆိုသည်လည်းမဟုတ်။ ရေးသူ၏ စိတ်ကူး စိတ်သန်းများကို အက္ခရာအသံတို့ဖြင့် နေရာကျနစွာ ဖော်ပြသော အသုံးအနှံကို ဆိုသည်။ သို့ဖြစ်၍ စာတတ်သည် ဟု ဆိုလျှင် စာအားဖြင့်ဖော်ပြထားသော စိတ်ကူး စိတ်သန်းများကို နားလည်သည် ဟု ဆို၏။ စိတ်ကူး စိတ်သန်းများကို နေရာတကျ ရေးသားဖော်ပြနိုင်အံ့သောငှာ ဝါကျ ဟု ခေါ်သော အဓိပ္ပာယ်ပြည့်စုံသည့် စကားစုကိုဖွဲ့တတ်ရမည်။ လိုရင်းအနက်အဓိပ္ပာယ် ပေါ်အောင် ဝါကျတွင် စကားလုံးများကို မည်သို့စီစဉ်ရမည်နည်း။ ဝါကျတွင် ပါဝင်သော စကားလုံးများသည် တခုနှင့်တခု မည်သို့ဆက်စပ်ကြသနည်း ဟူသော အချက်များသည် သဒ္ဒါနှင့်စပ်ဆိုင်သော အချက်များ ဖြစ်ရကား သဒ္ဒါတတ်ရန်လိုအပ်သည်။ သဒ္ဒါတတ်မှ စာတတ်သည် မည်၏။ သို့ဖြစ်၍ မြန်မာသဒ္ဒါ၌ အရေးကြီးသော အချက်များကို ဤတွင် အတိုကောက် ဖော်ပြပေးအံ့။

အခြေခံ ဝါကျများ။ ။လူ၊ ငါး၊ ယောက်ျား အစရှိသည်တို့ကဲ့သို့သော အမည်စကားလုံးကို နာမ် ဟု ခေါ် သည်။ စား၊ သောက်၊ ရှိ အစရှိသည်တို့ကဲ့သို့သော ပြုခြင်း၊ ဖြစ်ခြင်း၊ ရှိခြင်းကို ပြသည့်စကားလုံးကို ကြိယာ ဟု ခေါ် သည်။ နာမ်နှင့်ကြိယာကို အချင်းချင်း ဖြစ်စေ၊ သင့်လျော်သော နောက်ဆက်ဖြင့်ဖြစ်စေ ပူးတွဲလျှင် လိုရာဝါကျကို ရ၏။ မြန်မာဝါကျသည် ကြိယာနှင့် အဆုံးသတ်သည်။ စကားလုံး တခုနှင့်တခု မည်သို့စပ်ဆိုင်သည်ကို ပြလိုလျှင် လိုအပ်သော နောက်ဆက်ဖြင့် ပြ၏။ ပြယုဂ် –

နေပူသည်–၌ ‘ပူ’ သည် ကြိယာဖြစ်ကြောင်းကို ‘သည်’ နောက်ဆက်က ပြသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ