Skip to main content

သတိရနေတယ် သူငယ်ချင်းရေ ဒို့များ ငယ်ငယ်တုန်းက

သတိယပါတယ်ဆရာရှင့်

ကျေးဇူး။ သတိရ လို့ရေးရ။ ယုယ လို့ရေးရ။

ယကွင်း(ငါးဖမ်းကိရိယာ)

ယခင်

ယခု

ယဂင်ဆံထုံး

ယတြာချေ

ယတိပြတ် - (ကြိ) အပြီးအပြတ်၊ အတည်အမြဲ ဆုံးဖြတ်သည်။ (ဥပမာ - "ယတိပြတ် ငြင်းဆိုသည်")။

ယတိဘေဒ - (န) ကဗျာလင်္ကာများတွင် စည်းဝါးဝါကျအလိုက် အသံရပ်နားရမည့် စည်းကမ်းစနစ်။

ယထာဘူတကျ

ယနမကင်းဖြစ်

ယမံဆံ

ယမက - (န) အနက်ကွဲပြားပြီး အသံတူသော စကားလုံးနှစ်ခုကို ပူးတွဲသုံးနှုန်းသည့် အလင်္ကာတန်ဆာ (သို့မဟုတ်) ပိဋကတ်တော်လာ ယမိုက်ကျမ်း။

ယမကာအဖျော်

ယမင်းရုပ်(ညဲမင်းရုပ်)

ယမင်းရုပ်(ညဲမင်းရုပ်)

ယမနေပင် - (န) အရွက်ကြီး၍ အပွင့်အဝါရောင်ပွင့်တတ်သော၊ အိမ်ထောင်ပရိဘေ

ယမန် - (န) လွန်ခဲ့ပြီးသော အချိန်ကာလ (ယမန်နေ့၊ ယမန်နှစ်)။

ယမန်အခါ

ယမမင်း - (န) ငရဲပြည်ကို အုပ်ချုပ်ပြီး ကုသိုလ် အကုသိုလ် တရားစီရင်သည်ဟု အယူရှိကြသောမင်း။

ယမြားကြိုး

ယမိုက်ပြာဋိဟာ

ယမုန်နာ

ယရည်း(ဆင်ထိန်း)

ယသေးစပါး

ယုကြင်နာ

ယုယ - (ကြိ) အလွန်အမင်း ကြင်နာဂရုစိုက်သည်၊ ညင်သာစွာ ပြုစုသည်။

အသီးတရာအညှာတခု

(တွံတေးသိန်းတန်)

ခေါင်း လောင်းသံ တညံညံ ပေး ပါလို့

ရွာကျောင်း ကို

ပြေးမြင် မိရင်

သတိရ နေတယ်သူငယ်ချင်း ရေ

တို့များငယ်ငယ်တုန်း က

ရွာအ၀င်လမ်း ဆီကနေ

လက်ချင်း ယှက်ကာ

ပြေးကာ လွှားကာ

ကျောင်းတက်လာကြတာတွေ

မေ့နိုင်ပါ့မလား

မင်းတို့ ငါတို့ ငယ်ငယ်တုန်းကလေ

ရွာကျောင်း ကို ပြေးမြင် မိရင်

သတိရ နေတယ် သူငယ်ချင်းရေ

ဒို့များ ငယ်ငယ်တုန်းက

ရွာအ၀င် လမ်းဆီ ကနေ

လက်ချင်း ယှက်ကာ

ပြေးကာ လွှားကာ

ကျောင်း တက် လာကြတာ တွေ

မေ့နိုင်ပါ့မလား

မင်းတို့ ငါတို့ ငယ်ငယ်တုန်း ကလေ

ကကြီး,ခကွေး ဘယ်လိုရေး ပါ

ကလေးစရိုက် အရွယ်မို့

ချော့ကာ ခြောက်ကာ

မြှောက်ကာ ပင့်ကာ

ပညာသင်ပေး တဲ့

ဆရာများရဲ့ဂုဏ်ကျေးဇူးတွေ

လူလားမြောက်တဲ့အခါမှာ လေ

တ၀မ်းတခါးအတွက်မို့

တလမ်းစီ သွားခဲ့ ကြပေ

ဟေ့,သူငယ်ချင်း ရေ

မိုးမလင်း ခင်က ပျိုးခင်း ၀င်ကြ

အချိန် ကုန် နေ

ယာထဲ ကိုင်းထဲ

ဓားဆွဲလို့ တံစဉ်ကိုကိုင်မပျင်း နိုင်ပါလေ

တို့တတွေ က

တို့ရွာမှာနေ

တောင်သူလယ်သမားအဖြစ်နဲ့ကျန်ရစ်နေခဲ့ပေ

မင်းတို့တတွေ က

မြို့ကြီး တွေဆီမှာ ရောက်နေ

ဟေ့ သူငယ်ချင်းရေ

ဟေ့ သူငယ်ချင်း ရေ

ဟေ့ သူငယ်ချင်းရေ

စက်ရုံကြီးတွေဆီ ကြည့်စမ်း ပါဦးလားလေ

တို့အပေါင်းအသင်းရောင်းရင်းတွေများပေ

လွှကိုင်တူကိုင် နိုင်ရာတာ၀န်ထမ်း

စက်မှုလုပ်ငန်းတိုး တက်စေဖို့

ကြိုးပမ်းနေကြတာ တွေရှိနေပါသေး

မင်းတို့ငါတို့ သူငယ်ချင်းတွေ

ကြည်းရေလေ တပ်မတော်တွင်းက

သူငယ်ချင်း ရေ

ရဲရဲတောက် တိုက်စစ်ဆင်ကာနေ

တောကြားတောင်ကြား မရှောင်ရှား

အများအတွက်ဖြင့် အသက်ကိုစတေးလို့လေ

မင်းတို့အတွက် ဂုဏ်ယူရတယ်လေ

ဟေ့ သူငယ်ချင်း ရေ

ထိုမှအစ ဂီတနဲ့ အနုပညာ နယ်မြေ

သံသာသာ တေး ရေး

ရေး က ဆိုတီး

မညည်းညူနိုင်ပေ

ကြည့်စမ်း ပါအုံး လားလေ

ကလောင်ကိုကိုင် ဆွဲ

တဖက်တလမ်းက ၀န်ထမ်း

အမှုထမ်းအရာထမ်းတွေ လည်းမသွေ

ကျောင်းတုန်းက မြူးပျော်လက်တွဲ

သူငယ်ချင်းများပါပဲလေ

ဟိုမှာ ဒီမှာ ကြည့်ကြစမ်းရယ် လို့

လက်ညှိုး ညွှန်ပြတို့ဘ၀ အထွေထွေ

ပြောင်းချင်ရာပြောင်းကြပေမယ့်

ရွာကျောင်းရဲ့ ခေါင်းလောင်းသံ က

တလွင်လွင်သာမြဲ ပေ

တို့များငယ်ငယ်တုန်း က

ရွာအ၀င်လမ်းဆီကနေ

လက်ချင်း ယှက်ကာ ပြေးကာ လွှားကာ

ကျောင်းတက်လာကြတာတွေ

မေ့ပါနဲ့လား

မေ့ပါနဲ့လား

သူငယ်ချင်း ရေ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ