ကျွန်တော်တို့ကျောင်းသားတုန်းက မင်းကျော်ရေးတဲ့ ငါတို့ခေတ်နဲ့အပြိုင်စာအုပ်က အထူဆုံး။
ဆေးကျောင်းမှာသင်ရတဲ့ ရောဂါဗေဒစာအုပ်ကတော့ ထူလည်းထူ၊ လေးလည်းလေးတယ်။
ပုံထဲကလို စပယ်ရှယ်ကုလားထိုင် မပေါ်သေးတေ့ စာအုပ်ကို ချပ်ပတာလိုက် ခွဲချုပ်ထားကြရတယ်။
သိပ်မကြာသေးခင်ကထုတ်တဲ့ တင်မိုးကဗျာပေါင်းချုပ်ကတော့ လက်လေးသစ်လောက် ထူတယ်။
လက်တသစ်စာ ပိုထူရခြင်းအကြောင်းကတော့ တဝမ်းပူတွေကို မလိုအပ်ဘဲ စသတ်ထားလို့။
ထူတယ်ဆိုတာ အဓိပ္ပါယ်တမျိုးက ထက်ထက်မြက်မရှိ၊ နုံတုံတုံ၊ ဉာဏ်မမီ။
ထူလပိန်း = အကြားအလပ်မရှိအောင် များပြားခြင်း။
ထူလပျစ် = ထူလပိန်းနှင့်အတူတူ။
ထူလအန်း = ထူအန်းနေခြင်း။
ထူအ (နုံဖျင်းသော၊ ထုံထိုင်းသော)
ထူအန်း = ဖောရောင်သကဲ့သို့ဖြစ်သော။ တင်ကျပ်သောအတွေ့ရှိသော။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment