(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောက် ဟိုရောက်ဒီရောက်)
၂၀၁၈ ခုနှစ်က ဒီလိုနေ့မှာ တခေါက်ပြန်ရောက်တယ်။ အသက်ငယ်ငယ် ဆယ်တန်းမပြီးမီကဆို ညနေခင်းတိုင်းလိုလို စက်ဘီးတစီးနဲ့ ရောက်ခဲ့တဲ့နေရာ။
တခါတခါ စာလာဖတ်။
တခါတခါ ဟိုစဉ်းစား ဒီစဉ်းစား။
ငါကြီးရင်
ဆရာဝန်ဖြစ်ချင်တယ် မပါ။
နိုင်ငံရေးဝင်လုပ်မယ် မပါ။
နိုင်ငံခြားသွားချင်တယ် မပါ။
မစဉ်းခဲ့တာတွေ အကုန်ဖြစ်လာတယ်။
ချင်းတွင်းမြစ်ရေ စီးနေမြဲ။
ကျောက်ဆောင်တွေ ရေထဲငုပ်လိုက် ပြန်ပေါ်လာလိုက်။ မာနေဆဲ။
ဒေါက်တာတင့်ဆွေ
၃၀-၅-၂ဝ၁၈

Comments
Post a Comment