Skip to main content

နားလည်ဖို့ဆိုတာကို နားမလည်ပါ

ကွန်မင့်တခု = အဓိကက နားလည်ဖို့ပဲလိုတာပါ အဲ့တာဦးနှောက်မှာ ဖြည့်တွေးတက်တဲ့ အပိုင်းလေးအလုပ်မလုပ်တော့လို့ လောင်မြိုက်နေကြတာပါ

မှတ်ချက်

အဲလို မှားတဲ့ဘက်ကနေ ရှေ့နေလိုက်ပေးသူတွေ၊ လျှော့ပေါ့ပြောပေးသူတွေကို ခဏခဏ (ခဏခဏ) တွေ့ရတယ်။

အထောက်အထားသက်သေတွေ အများကြီးတင်ပြထားပြီးပြီ။

နားလည်ရင်ပြီးတာဘဲ တဲ့။

အခု တွန်မင့်မှာရေးသလို တွေးတက် ဆိုတာ နားမလည်း။ တွေးတတ်ဆိုရင်တော့ နားလည်တယ်။

တက် နဲ့ တတ် လွဲရေးတာကို နားမလည်။

ထုတ် နဲ့ ထုပ် လွဲရေးတာကို နားမလည်။

ဖက် နဲ့ ဖတ် လွဲရေးတာကို နားမလည်။

တချို့ အလွယ်ရေးလို့နေမှာပါတဲ့။ 

ဘယ်ဟုတ်ရမှာလဲ။ ဒီဇိုင်းမှာ AI ပုံနဲ့ စာလုံးပေါင်း သတ်ပုံအမှားတွေရေးထားတာ။ စောစောက AI မိန်းကလေးချောချောပုံနဲ့အတူ နေတတ် နဲ့ နေတက် မှားရေးထားတယ်။

တချို့က ကလေးတွေထင်တယ်တဲ့။

မဟုတ်ရေးချ မဟုတ်။ ကလေးတွေက ဖေ့စ်ဘွတ်လည်း မသုံး။ ဒီဇိုင်းမှာလည်း စာမရေးကြပါ။

ရယ်စရာသဘောရေးတာနဲ့ စာကိုမှန်အောင်မရေးတတ်တာက သိသာတယ်။

ဖြစ် ကို ဖစ်

ပါပြီ ကို ပါပီ

တွေ ကို တေ

မှာ ကို မာ

ရ ကို က

ကျမ ကို ကျယ်မ

ညီမ ကို ညမ စတာတွေကသာ မှားရေးရင် လူကြိုက်များမှန်းသိလို့ ရေးနေကြတာက တဝက်၊ တကယ်ကိုအ မှန်မရေးတတ်တာက တဝက်။

အဲလိုလူစားတွေ လာဦးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ