ငလျင်ဆိုတော့ ပြတ်ရွေ့ပုံတွေ ရောင်စုံ။ တပုံပြီး တပုံ။
ဘောလုံးပွဲဆိုပြန်တော့ မျဉ်းကောက် မျဉ်းဖောင့်တွေ အစုံ။ တပွဲပြီး တပွဲ။
ကိုယ့်ဘာသာရပ်မဟုတ်လို့ သူတို့ဟာတွေကို မှန် မမှန်မသိပါ။
မြန်မာစာမှာတော့ -
မှန်တယ်ဆို အစိမ်း၊ မှားတာကို အနီ လို့ရေးတာတွေကတော့ မှန်တာရယ်လို့ တဝက်ထက် နည်းတယ်။
စာရေးမမှန်တာ အလွယ်ရေးလို့နေမှာပါတဲ့။ မှားရေးသူကဖြင့် အေအိုင်ပုံနောက်ခံဒီဇိုင်းနဲ့ ကျကျနန ရေးထားတာ။
(သေ၊ သတ်) စတဲ့ စာလုံးတွေရေးမိရင် ဖေ့စ်ဘွတ်က အရေးယူခံရမယ်ဆိုတာတွေကလည်း သုညရာခိုင်နှုန်းသာ မှန်တယ်။
အဲလို ခေတ်သစ် မြန်မာပညာရှင်တွေက ပြည်တွင်းမှာသာမက ၉၆ နိုင်ငံမှာရောက်ရှိ နေထိုင်တော်မူကြပါတယ်။
ပညာရှင်သစ်တွေက အရေးရှိတိုင်း ပေါ်ထွန်းတယ်။
သူတို့ပရိသတ်ကလည်း ကမ္ဘာ့ဘောလုံးပွဲထက် များတယ်။
၉၆ နိုင်ငံမှာနေထိုင်ကြတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment