မက်ဆေ့ချ်တခု = ဆရာမင်္ဂလာပါ ကျနော်ပညာသင်တစ်ယောက်ပါ
ပြန်စာ
ရှင်မဟာရဋ္ဌသာရ ကတော့ တယောက် လို့သာရေးပါတယ်။
ဆုံးမစာ
တယောက်စကား၊
တယောက်နားမှာ၊
မခါးရအောင်၊
သတိဆောင်၍၊
မောင်တို့ဆိုလေ၊
ပျားသကာသို့၊
ချိုလှစေ။ ။
မထွေခိုက်ရန်၊
မကျူးလွန်နှင့်၊
မျက်မာန်ဒေါသ၊
မထွက်ရအောင်၊
မာန်မာနကို ချုပ်ကြလေ။ ။
မှတ်ဘွယ်ရာရာ၊
ထိုထိုစာကို၊
ရှာ၍မပြတ်၊
အိမ်တွင်ဖတ်။ ။
(ရှင်မဟာရဋ္ဌသာရ)
သတိပေးချက်
၁။ ကျောင်းမှာဆိုရင်တော့ မှန်အောင် သင်မပေး၊ မှန်အောင်မရေးပါနဲ့။
၂။ ဖေ့စ်ဘွတ်မှာတော့ မှားလေ လူကြိုက်များလေ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment