ပြန်စာ
ကျွန်တော်ကတော့ အစကတည်းက ကွန်မင့် လို့သာရေးပါတယ်။
လူအများစုက ကွန်မန့် တဲ့။ မန့် တဲ့။
Facebook ကို ကျွန်တော်က ဖေ့စ်ဘွတ်။
တခြားသူတွေက ဖေ့ဘုတ် တဲ့။ ဖွဘုတ် တဲ့။ ဖဘ တဲ့။
တချို့က မြန်မာလိုသာရေးပါတဲ့။
မျက်နှာစာအုပ်။
ဖေ့စ်ဘွတ်ခ် ကွန်မန့် (Facebook comment) ဆိုသည်မှာ ဖေ့စ်ဘွတ်ခ်ပေါ်ရှိ ပို့စ်တခု သို့မဟုတ် ဓာတ်ပုံတပုံကို ပြန်လည်တုံ့ပြန် ပြောဆိုနိုင်သည့် အရာဖြစ်သည်။
ဖေ့စ်ဘွတ်ခ်ပို့စ်တခုတွင် ကွန်မန့်ပေးရန်အတွက် ထိုပို့စ်၏ အောက်ခြေရှိ "Comment" ဆိုသည်ကို နှိပ်ပါ၊ သို့မဟုတ် "Write a Comment" ဟု ရေးထားသည့် အဖြူရောင်ကွက်လပ်ထဲသို့ နှိပ်၍ ဝင်ပါ။ ထို့နောက် မိမိပြောလိုသည်များကို ရိုက်ထည့်ပြီး ၎င်းစာတိုကို လွှင့်တင်ရန် publish လုပ်ရန် Enter ကို နှိပ်ရုံပင် ဖြစ်ပါသည်။
ကောက်ချက်
ကွန်မင့်ရဲ့မြန်မာဘာသာပြန်ဖွင့်ဆိုချက်တခုလုံး ထည့်ရေးလို့ ဖြစ်ပါ။ တကြောင်းတည်းလည်း အဆင်မပြေလောက်ပါ။
ကျွန်တော်တို့တတွေ တယောက်တမျိုးနဲ့ သန်းပေါင်းများစွာ ရေးပြီးကြပါပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment