Likes 4.1K
Comments 247
Shares 54
အဲလောက်များရင် သိပ်မဟုတ်တော့ဘူး။
ကွန်မင့်တွေ ၅၀-၁ဝ၀ ကျော်လာရင် သတိထားရမဲ့ တင်ပြစာလို့ သိပြီ။
၁၀၀ ကျော်ရင် အကုန်မဖတ်အားတော့ပါ။
ကွန်မင့်တွေ သိပ်များရင် တင်ထားတဲ့စာကို ဖျက်လိုက်ရတော့မလား စဉ်းစားရပြီ။
ဝါသနာတူ၊ အဆင့်တူတွေက တဝိုင်းတည်းထိုင်လေ့ရှိကြတယ်။
Mob psychology လူအုပ် စိတ်ပညာအကြောင်း တင်ပြထားပါတယ်။
လူအုပ်စု စိတ်ပညာ (Crowd psychology သို့မဟုတ် Mob psychology) ဆိုသည်မှာ လူမှုရေးစိတ်ပညာ (Social psychology) ၏ ဘာသာရပ်ခွဲတခု ဖြစ်ပြီး၊ လူအုပ်စုတစု၏ စိတ်နေသဘောထားသည် ထိုလူအုပ်စုထဲတွင် ပါဝင်နေသော လူတဦးချင်းစီ၏ စိတ်နေသဘောထားနှင့် မည်သို့မည်ပုံ ကွဲပြားခြားနားသွားသည်ကို လေ့လာဆန်းစစ်သည့် ဘာသာရပ် ဖြစ်ပါသည်။
တချို့က တဝိုင်းတည်ထိုင်ကြလို့ အယူအဆမတိမ်းမယိမ်းတွေ။
တချို့က လူအုပ်နောက်လိုက်ကြတယ်။
တချို့က လူအုပ်နဲ့မှ သတ္တိကောင်းကြတယ်။
ဟိုတနှစ်က ဆေးခြောက်ပညာပေးစာကိုတင်တော့ ဆဲရေးတိုင်းထွာသူတွေ များလွန်တယ်။ ဖက်တာနဲ့ ဘလော့တာ မနိုင်တော့လို့ တင်ထားတဲ့စာကို ဖျက်လိုက်ရတယ်။
နောက် ၂-၃ ရက်နေတော့ ပုံပြောင်းပြီး စသားအတူကို ပြန်တင်ပါတယ်။ အဲဒီချိန်မှာ ဆေးခြောက်အရှိန်ရနေလို့လားတော့မသိ မလာကြတော့ပါ။
တချို့ကလည်း ကောင်း၊ ဆိုး၊ ပျောက်၊ မပျောက် သူများပြောတာတိုင်းကို အဟုတ်ထင်ကြတယ်။
အထူးသဖြင့် စာဖတ်သူ၊ ဝေဖန်သူတွေအနေနဲ့ ကိုယ်တိုင် အချက်အလက်ကို သေချာမလေ့လာဘဲ လူအုပ်ကြီး ဆဲဆိုတိုင်းထွာရာနောက် လိုက်ပါသွားခြင်း (Herd behavior) သို့မဟုတ် လူအုပ်နှင့်မှ ရဲတင်းလာခြင်းမျိုးဟာ လူအုပ်စုစိတ်ပညာရဲ့ ပြယုဂ်တွေပါပဲ။
တဝိုင်းတည်းထိုင်ပြီး အယူအဆတူရာ စုနေကြတဲ့အခါ မိမိတို့အမြင်သာ မှန်သည်ဆိုပြီး အစွန်းရောက်သွားတတ်တဲ့ Echo Chamber သဘောတရားမျိုးလည်း ဖြစ်ပေါ်တတ်ပါတယ်။
ဆဲရေးတိုင်းထွာသူများ၏ စိတ်အခြေအနေ https://burmese-spelling.blogspot.com/2026/04/blog-post_178.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment