ပြန်စာ
စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။
၂။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ
ပြန်စာ
ဖြစ်တဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ ဘိုလိုရော ဗမာလိုပါ ပြန်ဖြေလို့မရပါ။ ဆောရီး။
[ ဗိုလ် - ဘိုး - ဘိုး ] (၂၆၅)
ဘုဉ်း ။ ။ «ဘုဉ်းပေးသုံးဆောင်သည်။ ဘုဉ်းပေးတော်မူပါ။ ဆွမ်းဘုဉ်းပေးသည်။»
ဘုန်း ။ ။ «ဘုန်းတော်ကြီး။ ဘုန်းကြီးသောသူ။ ဘုန်းတန်ခိုး။ ဘုန်းတော်ရှိန်။ ဘုန်းတော်ဘွဲ။ ဘုန်းသမ္ဘာ။ ဘုန်းပေါင်းကြက်သရေ။ (ဘုန်းတော်တောက်ရွှန်း၊ ဘုန်းတော်ထွန်း၍၊ ဘုန်းပန်းပွင့်လှိုင်၊ ဘုန်းနံ့ကြိုင်က၊ ဘုန်းပြိုင်မထိုင်၊ ဘုန်းထွတ်တင်ကား၊ ဘုန်းရှင်သမ္ဘာ၊ ဘုန်းမကြောမြင့်၊ ဘုန်းအာနုဘော်၊ ဘုန်းမြတ်ကျော်သည် ။ ဘုန်းတော်ကြီးလှ ဘုန်းကြောင့်သော) = [ရှင်မဟာရဋ္ဌသာရ]။» «ဘုန်းညွန့်မပွင့် = (ကောင်းမှုကုသိုလ်မပွင့်) = [ပျို့သုံ]။»
[ ဗိုလ် - ဘို - ဘိုး ]
ဗိုလ် ။ ။ «ဗိုလ်ခြေ။ ဗိုလ်စားပဲ။ ဗိုလ်စားငှက်။ ဗိုလ်တဲငှက်။ ဗိုလ်တွက်လင်္ကာ။ ဥစ္စာဗိုလ်။ ဗိုလ်ခြောက်ပါး။ ဗိုလ်ပြေးလင်္ကာ။ ဗိုလ်ဆင်း၊ ဗိုလ်တက် အင်းချနည်း။ ဗိုလ်မှူး။ ဗိုလ်ရှု။ ဗိုလ်ဝင်ခံတော်မူ၏။ စစ်ဗိုလ်။ ရဲဗိုလ်။ တာဗိုလ်။ လမ်းဗိုလ်။ ဗိုလ်ရိုဗိုလ်တဲ။ ဗိုလ်ချုပ်ကျောက်တိုင်။»
ဘို ။ ။ «မုဆိုးဘို။ ရွှေဘိုမြို့၊ ကာဘိုခရီး။»
ဘိုး ။ ။ «ဘိုးကြီးဘွားကြီး။ ဘိုးတော်မင်းတရား။ ဘိုးဘိုးအောင်။ ဘိုးသူတော်။ ဘိုးဘိုးဘုရား။ ဘိုးဘိုးကြီး။ ဘိုးမင်းခေါင်။ ဘိုးမင်းဧ။ ဘိုးမင်းကျော်။ ဘိုးအေးအတိုင်းအေး။ ဘိုးတော်ကောင်းမှု။»
ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့
ဘိုမ (လူအမည်)၊
ဦဘို (လူအမည်)၊
ဘိုဆန်၊
ဘိုမရုပ်၊
ဘိုထိုင်အိမ်သာ (ကန်တော့)၊
ဘိုဆံတောက်၊
ဇင်းမယ် ဘိုဆန်သောချည်၊
ဘိုဆန်တဲ့အရောင်၊
ဘိုဆန်တဲ့ပါတိတ်၊
ဘိုဆံတောက် (ဝတ္ထတို) နုနုရည်(အင်းဝ)
မုန်း၍မဟူ(ဂျာနယ်ကျော် မမလေး) ... ဘိုဆံတောက်ကို ပြောင်နေအောင် ဖြီးတတ်တာပဲ။
ငြိမ်းကျော် - ကိုငှက်ရိုးနှင့် ... ဘိုဆံတောက်နဲ့ ရိုးရာမဟုတ်တာ တော့ အားမပေးဘူးဗျာ”
ဗိုလ်
စစ်ဗိုလ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်စားပဲ
ဗိုလ်တဲ
ဗိုလ်ရှုခံ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်ကိတ်ပဲ
ဗိုလ်ချုပ်
ဗိုလ်စွဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်ပုံပရိသတ်
ဗိုလ်ပါ
ဗိုလ်ကေ
ဗိုလ်ခြေ
လမ်းဗိုလ်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment