Skip to main content

မျက်မှန်၏ တန်ခိုးတော်

(က)
မျက်မှန်တပ်သူထား၏ ဥဒါန်းကျုးစကား -
သြကာသလောကကြီးသည် စိုပြေစိမ်းလန်း အေးချမ်းလှပေ၏။
အရာရာသည် မြအရောင်၊ ကျောက်စိမ်းရောင်သာ တသားတည်းဖြစ်နေကြတော့၏။
(ခ)
အမေမွေးစဉ်ကပါတဲ့ မျက်စိနဲ့သာကြည့်ရသူ၏ ဘဝနဲ့ ပတ်ဝန်းကျင်အမြင်
ခြောက်သယောင်းနေသော ကျတ်တီးမြေ၊ လွင်တီးခေါင်ခေါင်
မိုးထဲ၊ လေထဲ၊ မုန်တိုင်းထဲ၊ 
တောထဲတောင်ထဲ ပုန်းနေကြရသူတွေ၊ ပြေးလွှားနေကြရသူတွေ
ပေတရာပေါ်မှာ မြင်ယောင်နေသော သွေးကွက်များ
ဝမ်းစာရှာရ ချွေးဒီးဒီးကျ
ပန်ကာအောက်မှာ၊ အေစီခန်းမှာ
ခေါင်မိုးမလုံတဲ့အိမ်မှာ မီးမလာ၊ ရေတစက်တစက်
လမ်းဘေးဈေး၊ ငါးရက်တဈေး၊ ကုန်တိုက်ကြီး
လှည်းနဲ့၊ စက်ဘီးနဲ့၊ ကားနဲ့၊ လေယာဉ်နဲ့
ပလ္လင်ပါ်ကမဆင်းသူ၊ ပလ္လင်ရှေ့မှာ ဒူးထောက်နေကြသူ
လွှတ်တော်တက်နေသူ၊ တိုင်းတပါးမှာ အလုပ်လုပ်နေကြရသူ
စင်ပေါ်ကနေ ဖြေဖျော်နေကြသူတွေ၊ အောက်ကနေ သြဘာလက်ခုပ်တီးနေကြသူတွေ
အသုဘ လိုက်ပို့နေသူတွေ၊ လိုက်ပို့မှာကို ရက်၊ လ၊ နှစ် စောင့်နေကြသူတွေ
ဒုက္ခပင်လယ်၊ မီးပင်လယ်၊ ဘတ်ငွေပင်လယ်၊ ဒေါ်လာငွေပင်လယ်
ခြစား၊ မှိုတက်နေသည့် အမှန်အတိုင်းရေးထာတဲ့ စာအုပ်၊ 
ရောင်းကောင်းလှသည့် ပြင်ထုတ် လုပ်ဇာတ်စာအုပ်
စာရေးဆရာ လက်မှတ်ထိုးပေးသည့် ပေါ်လစီသတ်ပုံနဲ့ရေးထားသော ဘက်ဆဲလား စာအုပ်
မျက်မှန်တလက်တော့ ဝယ်ရဦးမည်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ