Skip to main content

ညှပ်

ဆံပင်တိုတိုလေးညုပ်ချင်တယ် ညုပ်ရမလား..လို့..မညုပ်ရမလား ဝေခွဲမရ

မှား​နေတယ်ထင်တယ် ဆရာ
မြန်မာစာမှာ ညုပ် မရှိပါ။
ညှပ် = ညှပ်၍ကိုင်တွယ်ရသောကိရိယာ။
ညှပ်
ညှပ် – ကြိ/ညှတ်/ ၁၊ အချောင်းအတံ နှစ်ခုဖြင့် ဖိကိုင်သည်။
“ဇုဏှီလည်း....ဥဗျိုင်း၏လည်ပင်းကို ညှပ်၍လိုက်ရာ။” တံပု။ ၉၁။
၂၊ တဖက်ထက်ပိုသော အရပ်မျက်နှာတို့မှ အတွင်းသို့ တွန်းဖိသည်။
၃၊ အကြားအလပ်တွင် ကျပ်တည်းစွာ တည်ရှိအောင်လုပ်သည်။ ချုပ်သည်။ “ဓားမတို ခါးမှာညှပ်ပါလို့။” ကော။ ၂၇။
၄၊ အရာဝတ္ထုတခုခုကို ဘေးတဖက် တချက်မှာရံ၍ တည်ရှိသည်။ “လက်ကတီးတွင် လက်ဝဲလက်ယာ ညှပ်၍ပေါက်သော်” လောဟီ။ ၂၇၃။
၅၊ (ကွမ်းညှပ်၊ ကတ်ကြေးစသည်တို့ဖြင့်) ကိုက်ဖြတ်သည်။ “ဆေးထိုးမည့်နေရာမှ အမွေးများကို ကတ်ကြေးဖြင့်ညှပ်ပြီးလျှင် ပေါင်းချွေးရည်ဖြင့် ဆေးကြောရမည်။” ကူးစက်။ ၆၄။
၆၊ တပါတည်း ဖြစ်စေသည်။ ပူးတွဲပါဝင်စေသည်။ “လိမ္မော်သီးလုံး၊ သွေးများကို ညှပ်ရောင်းလိုက်ပါ။”
– န/ညှတ်/ ၁၊ တစုံတခုကို ကိုင်တွယ်ရန် မောင်းတံအစုံကို ပူးတွဲထားသောကိရိယာ။ “ဒေါက်တာသက်ဝေသည် ကလေးအား ညှပ်ဖြင့်ဆွဲထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။” မယ်ကျေး၊ ဒု။ ၂၆။
၂၊ (ကျွဲ၊ နွား၊ ဆင်၊ မြင်းတို့ကို) မလှုပ်နိုင်အောင် လက်ဝဲလက်ယာမှ ချုပ်ကိုင်ထားသည့် တုတ်တိုင်စု။ “ဆင်ဖြူမကို ညှပ်လုပ်၍ စက်ဖြင့် ထုပြီးသော်” သုသော၊ ပ။ ၃၇၂။
၃၊ သားငှက်တို့ကို ညှပ်မိနေအောင် ထောင်ဖမ်းသော ကိရိယာ။ “ဘီမောင်းလည်း ညှပ်၊ ကိုင်ပစ်ထား၍ ထောင်ခြင်းတပါး။” နု။ ၃၆၉။
၄၊ ထန်းရည်ထွက်အောင် ထန်းနို့ကိုဖိညှပ်ပြုပြင်ရသော ကိရိယာ။ ထန်းညှပ်။
၅၊ အမဲသားငါးကိုညှပ်၍ မီးကင်ရသောကိရိယာ။ ကင်ညှပ်။
၆၊ ရာဇဝတ် သား ကို ညှပ်သော ကိရိယာ။ “ထင်းခွေယောက်ျားကို ညှပ်ခတ်၍စစ်လေ၏။” မှန်၊ ပ။ ၃၀၃။
ဗုဇွန်လည်း ဥဗျိုင်း၏လည်ပင်းကို ညှပ်၍လိုက်ရာ။
ဓားမကို ခါးမှာညှပ်ပါ။
လက်ကတီးတွင် လက်ဝဲလကျာ် ညှပ်၍ပေါက်သော်။
ကွမ်းညှပ်
လိမ္မော်သီးလုံးသေးများကို ညှပ်ရောင်းလိုက်ပါ။
ဒေါက်တာသက်ဝေသည် ကလေးအား ညှပ်ဖြင့်ဆွဲထုတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
ဆင်ဖြူမကို ညှပ်လုပ်၍စက်ဖြင့်ထုသော်။
ဘိ၊ မောင်းလည်၊ ညှပ်၊ ကိုင်ပစ်ထား၍ထောင်ခြင်းတပါး။
ထန်းညှပ်
အမဲသားငါးကို ညှပ်၍မီးကင်ရသော ကိရိယာ။
ထင်းခွေယောက်ျားကို ညှပ်ခတ်၍စစ်လေ၏။
ညှပ်ကောက်
ညှပ်ခေါက်ဆွဲ
ညှပ်တိုင်
ညှပ်ပူးညှပ်ပိတ်
ညှပ်ပုံ
ညှပ်ခုံ
ညှပ်ဖိနပ်
ညှပ်သွင်း
ညှပ်(ညပ်အောင် ဖြတ်)
စာကိုမှန်အောင်မရေးတာက တချို့ဖုန်းတွေကညံ့လို့ဖြစ်နိုင်တယ်။ လူတွေကတော့ တော်ကြမှာပါ။
၁။ တချို့ဖုန်းတွေမှာ ရရစ်မပါလို့
ဖြစ် ကို ဖစ်
ပြီ ကို ပီ။
ပါပြီ ကို ပါပီ လို့ရေးနေကြတယ်။
၂။ တချို့ဖုန်းတွေမှာ ၁-၂-၃-၄ မပါလို့ 1-2-3-4 နဲ့ ရေးနေကြတယ်။
၃။ တချို့ဖုန်းတွေမှာ တဝမ်းပူသီးသန့်မပါကြလို့
တခု၊ တကောင်၊ တယောက်ကို မှန်အောင်မရေးကြရရှာ။
၄။ တချို့ဖုန်းတွေမှာတော့ အောက်မြစ်အပိုပါကြလို့
ကောင်းမှု ကို အောက်မြစ်နဲ့ရေးနေကြရရှာတယ်။ ရှု၊ မှ၊ မိ၊ ဖြစ်၊ လက်၊ လိုက်၊ ရိုက်၊ ခု၊ သက်၊ အောက်၊ ထိ၊ ပြုတ် (သက်သေခံတွေရှိတယ်။)
ကျတ် ကျပ် ကြပ် ကြတ် https://burmese-spelling.blogspot.com/.../blog-post_457.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ