Skip to main content

တသင်း

တသင်း ဆိုသည်မှာ အုပ်စုတခု၊ အဖွဲ့တခု သို့မဟုတ် အသင်းတသင်း ဟု အဓိပ္ပာယ်ရပါသည်။

ဘောလုံးတသင်း

ပျိုမေတသင်း ကောက်စိုက်ဆင်း

(ကဝိဓဇသတ်ပုံကျမ်း)

တလင်း = (ညီညွတ်ပျံ့ပြူးသောမြေအပြင်)။

တလည်လည် = (အဖန်ဖန် အလဲလဲ)။

တလုံးလုံးလင်း = တလံးလံး = (အကြိမ်ကြိမ် အဖန်ဖန်) = [ပေါ]။

တလွှား = (အရပ်ရပ်အနှံ့အပြား)။

တသမတ် = (ပိုင်းခြားရပိတုံခြင်းမရှိ - တခါထည်းပြုလုပ်သည်)။

တသီးတခြား။

တသူကျော်မျှ = (လူတယောကျော်မျှ)။

တသက်လျာ = (အစိုးတပိုင်-တဧကာ)။

တသင်း = (အပေါင်းများစွာ)။

တသုန်း = (တစုတရုံး)။

တသွန် = (အကြွင်းမရှိအကုန်အစင်)။

တသွေ.ယောင်းယောင်း = (သွေခြောက်သည်)။

တအောက်လုံးလင်း = (အကြိမ်ကြိမ်အဖန်ဖန်) = [ပေါ]။

တအင်မချို့ = (တခုမျှချို့ယွင်းခြင်းမရှိ) = [ပေါ]။

ကောင်းပေစတကား။

တကယ်အမှန်။

တကဲ့မဟုတ်။

တစတစ။

တစာစာ။

တစီမှတ်ငှက်။

တခီခီ-တချီချီရယ်သည်။

တချက်ထည်း။

တဇင်းဇင်း။

တစိတ်တဒေသ။

တဇိုးတဇိ။

တဇိမ့်ဇိမ့်။

တဆိတ်စာ။

တပို့တွဲလ။

တပေါင်းလ။

တပေါင်းတစည်းထည်း။

တဖက်သတ်။

တဖက်သား။

တရံတဖန်း။

တရားတဘောင်။

တမုဟုတ်ခြင်း။

တရားခံ။

တရားလို။

တရှောင်ရှောင်။

တရုပ်တရက်။

တရုပ်စကားပင်။

တမ်းအတည်း။

တနေ့တထူး။

တရွှေ့ရွှေ့။

တသွေ့သွေ့။

တစိတလျဉ်။

တရင်းသံ။

တအောက်မေ့မေ့။

တပျောင်းပျူပျူ။

တယူသန်။

တစုံတဝေး။

တအုပ်တအာ။

တမက်တဗိုလ်။

တကောင်းမြို့။

တယောထိုး။

တရောင်ကင်ပွန်း။

တလှိုင်းလူမျိုး။

တလှိုင်းကောင်ငှက်။

တဇပ်ငှက်။

တချည်းခွေ့ခွေ့။

တလျားလျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ