ဘာသာရေး တင်ပြတာ မဟုတ်ပါ။ မြန်မာစာသတ်ပုံ။
အရ-ဟံ
တတိယ နည်းကတော့ အရ-နှင့် ဟံ ပါဘဲ။ အရ-ဆိုတာက ဘာတုန်း ဆိုလျှင် သံသရာစက်၏ ဒေါက်အကန့်တွေပါဘဲ။ သံသရာစက် ဆိုတာဟာ အနမတဂ္ဂဘဝသံသရာမှာ တဘဝ ဖြစ်လိုက် သေလိုက်၊ တဘဝ ဖြစ်လိုက် သေလိုက်နဲ့ အဲဒီလို ဘဝတွေ ဆက်လက်ပြီး မပြတ် ဖြစ်နေတဲ့ ရုပ်နာမ်အစဉ်ကို သံသရာလို့ ခေါ်ပါတယ်။ သတ္တဝါတခုမှာ သံသရာတခု၊ သတ္တဝါတခုမှာ သံသရာတခု-အဲဒီလို ကိုယ့်ဘဝစက်နှင့် ကိုယ် အသီးအသီး သံသရာ ဘဝစက် တခုစီ ရှိနေပါတယ်။ တဦးသောပုဂ္ဂိုလ်၏ ဘဝစက်က အခြား တဦးသော ပုဂ္ဂိုလ်နှင့် ဘာမျှ မဆိုင်ပါ။ တဦး တဦးမှာ အသီး အသီး ဘဝစက် တခုစီ ရှိနေပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment