တယောက်က တင်ထားတယ်။ ကျွန်တော်က စာလုံးပေါင်းကို မျက်လုံးပြူးကြည့်တဲ့လူစား။ ချာပါတီ။
အိန္ဒိယအစာ Chapati ကို ကျွန်တော်တို့က ချပါတီလည်းခေါ်၊ ချာပါတီလည်းခေါ်ကြတယ်။
ချာပါတီကို ချာသောပါတီလို့ အဓိပ္ပါယ်ဖွင့်နိုင်တယ်။ နှစ် ၅၀ မှာ ချာတဲ့ပါတီတွေက များတယ်။ မချာတဲ့ပါတီက အလွန့်အလွန် ရှားတယ်။ မစားရကြာပြီဆိုတာ ဟုတ်မှာပဲ။ မမြင်ရကြာတာတော့ မဟုတ်နိုင်။ Smile!
ချာပါတီ ဘာနဲ့စားမှာလဲ။ အာလူးပေးတဲ့ပါတီတွေက အများကြီး။ No Smile!
ဟိုခေတ်ကတည်း အခုခေတ်အထိ နိုင်ငံရေးပါတီတွေထဲမှာ ချာပါတီတွေ ရှိတယ်။
ဘာသာစကားမတူတာတွေကနေ အသံထွက်ယူပြီး မြန်မာလိုရေးတိုင်းမှာ အတိအကျ မရတတ်တာက များတယ်။
ကွဲလွဲရင်လည်း အခုလို ချာ လို့ ရေးရင်
ချာတူးလန် လို့ အထင်မှားစေနိုင်တယ်။
AI ကို ပုံပို့ပြီး စသားတောင်းတော့ ချာတူးလန်း တဲ့။
လန် နဲ့ လန်း ကလည်း အတော်ကို မတူပါ။
လန်
အိမ်ခေါင်မိုးလန်။ လန်ချား။ လန်ကျ။ လန်လဲ။ ဝယ်သူလန်။ ဆက်ဆံရေးလန်။ လန်ပြေး။ လန်ဘား။
လန်း။ ။ လန်းသည်။ ရွှင်လန်းသည်။ လန်းလန်းရွှင်ရွှင်။ စိမ်းလန်းစိုပြေ။ ပွင့်လန်းသာကြည်။ တန်းလန်းဖြစ်နေသည်။ တမလန်းပင်။ ဒေါင်းလန်း။ လန်းလန်းလတ်လတ်။ ကြော့လန်း။ လူလှလန်းလန်း။ မညှိုးသံလန်းအမတ်။ မရှင်မလန်း။ သမလန်းပင်၊ နွှယ်လန်း။ ။
ချာ – နဝိ /ချာ/ ညံ့သော။ ဖျင်းသော။ ဆင်းရဲသော။ “မဲ့အာသာငယ်၊ ချာတော်မူလေခြင်း။” မှန်လည်။ ၂၅၁၁။ “သောင်းမေကလေး တယောက်ဟာ မဲ့လိုက်တာ ချာလို့ဟေ့။” တင်းစာ။
ချာကနဲ – ကြိဝိ /ချာကနဲ/ ရုတ်တရက် မျက်နှာ လှည့်သွားလျက်။ “ချာကနဲလှည့်၍ ပြန်အသွား။” နော၊ ဒု။ ၃၉၅။
ချာချာလည် – ကြိ /ချာဂျာလယ်/ ပတ်၍ လှည့်၍ သွားသည်။ မရပ်မနား လှည့်သည်။ “မင်းရဲကျော်ထင်လည်း... ဆီးခံသည်များကို ချားပတ်၏သို့ ချာချာလည်၍ ခုတ်လေသည်။” သုသော၊ စ။ ၉ဂ။
ချာတူးလန် – န /ချာတူးလန်/ ၁၊ အလွန်ဆင်းရဲသော အဖြစ်။ အလွန်ညံ့ဖျင်း နွမ်းပါးသော အဖြစ်။ ၂၊ အလွန်ဆင်းရဲသောသူ။ အလွန်ညံ့ဖျင်း နွမ်းပါးသောသူ။ “ရွာတမူးတန်က ချာတူးလန် တို့ပါကလား။”
ချာတိတ် – န /ချာတိတ်/ ငယ်ရွယ်သော ယောကျ်ားကလေးကို ကြီးသူက ခေါ်သော အမည်။
ချာလပတ်လည် – ကြိ /ချာလဗတ်လယ်/ ချာချာလည်သည်။ “အိမ်ကလေးအတွင်း၌ ချာလပတ်လည် ဟိုဟိုဒီဒီသို့ လျှောက်ပြေး နေလေ၏။” ချစ်ဝေ။ ၁၅ဂ။
ကျွန်တော်တို့မှာ မွေးစားယူတဲ့စာလုံးတိုင်းလိုလို ဂွကျလေ့ရှိတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment