ကွန်မင့်တခု = Medical နဲ့ chef ပညာ ၂မျိုးတတ်လို့ဂုဏ်ယူပါသည်ဆရာ။ပြန်စာ
အထင်တော်မကြီးပါနဲ့။
ကိုယ်သိတာက နည်းနည်းသာ။ ရှာဖွေ လေ့လာ၊ စုဆောင်း တင်ပြတာက များပါသည်။
တရားစာဆို ဆရာတော်တွေကို လျှောက်ထားမေးမြန်းရတယ်။
သတ်ပုံစာဆို အဘိဓာန်တွေနဲ့ သတ်ပုံကျမ်းတွေ လှန်ရတယ်။
တခါတခါ ရှာရာလွယ်ပြီး တခါတခါအင်မတန်ခက်တယ်။
AI ကိုလည်း မေးတယ်။ သူ့မေးရင်တော့ လွှတ်မထားနဲ့ စိစစ် ပြုပြင်ပေတော့။ နေ့တိုင်း။ မေးခွန်းတိုင်း။
သုတစာတွေလည်း ရေးဖြစ်တာ မနည်းတော့ပါ။ ကျွန်တော်က နေရာတိုင်းကို ရောက်ဘူးသူမဟုတ်။ လိုက်မေးရတယ်။
ရခိုဆို ရခိုင်၊ မွန်ဆို မွန်၊ ကရင်ဆို ကရင်။ မိတ်ဆွေတွေပေါတယ်။ ကူညီဖြေပေးကြတယ်။ ကျေးဇူး။
တွေ့တဲ့သူ လူတိုင်းကို မေးရင်တော့ လွဲမယ်။
အခုခေတ်မှာ သုတနဲ့ ပညာ ဘယ်မှာ၊ ဘယ်လိုရှာမလဲက အရေးကြီးတယ်။
တွေ့ကရာ မယုံလေနဲ့။
နာမည်ကြီးလည်း ဟုတ်ချင်မှ ဟုတ်။
ရောင်းကောင်းတဲ့စာအုပ် မှန်ချင်မှမှန်။
နိုင်ငံတော်မူ မမှန်တာများတယ်။
ဆုရ၊ ဂုဏ်ထူးရ၊ ရာထူးရ၊ ဆရာလုပ် ဟုတ်ချင်မှ ဟုတ်တယ်။
စာမတတ် အင်တာနက်လမ်းမှာ ဖတ်။ ဖတ်ပြီး ကိုယ်ပိုင် တွေးတောဆင်ခြင်မှု မပါလို့မရ။
ခေတ်ကတော့ ပျက်နေပြီ။
ဘယ်သူက ဘာတဲ့ဆို အဟုတ်မှတ်။
အထောက်အထားအခိုင်အမာတွေနဲ့ အခါခါတင်ပြလည်း မျက်စိမှတ်၊ ဦးနှောက်ပိတ်ငြင်းကြတယ်။ ဒီမနက်မှာ အဲလိုယူ ၄-၅ ယောက်။
မြန်မာ့ဒေသအလိုက် အစားအသောက်တွေအကြောင်း စုဆောင်းနေတာ ၂ ရက်ရှိပြီ။ အပြီးမသတ်နိုင်သေး။ မေးရ၊ ရှာရဦးမည်။
ကိုယ်သိတာက နည်းနည်းလေး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment