Skip to main content

တမြို့ - တလှည့် - တဦးတည်း - နေ့လယ်စာ

မေးခွန်း = မိတ်ဆွေ တစ်ဦးက နေ့လည်စာ ဖိတ်တာပါလား မှားရင် ပြင်ပေးပါ ဆရာ တမြို့ တလှည့် တဦးတည်း တူပါသလားရှင့်

မြန်မာစာရေးနည်း ကောင်းကောင်း တတ်ချင်ပါတယ်ရှင့်

ပြန်စာ

တမြို့ - မှန်။

တလှည့် - မှန်။

တဦးတည်း - မှန်။

နေ့လယ်စာ - မှန်။

Lunch နေ့လယ်စာ https://burmese-spelling.blogspot.com/2024/12/lunch.html

(၁)

တို့ပြည်ထောင်စုသား (မူရင်း) ​

တေး​ရေး -  စန္ဒရားလှထွတ်

တေးဆို - မာမာ​အေးနှင့် ဂီတကောင်စီအဖွဲ့

တဦးပေါ် တဦး…

သံသယ ပိုသည်မှာ အလကား

တဦးပေါ် တဦး …

မှန်သပ ဆိုသည်မှာ ပတ္တမြား …

သံသယ ပျောက်ပါစေ

အမှန် ဘ၀ ရောက်ပါစေ …

(၂)

ဘဝချင်းဆုံတွေ့ပါရစေ (ချိုပြုံး)

တဦးနဲ့ တဦး ချစ်စေကြောင်း တောင်းဆု ပြုမယ်လေ

ဘဝ ဘဝတိုင်း အသင်္ချေ ပုံပမာ နှိုင်း ပြမယ်လေ

မောင်ရေ အာကာနန်းဗွေ လျှမ်းပနေ

စန်းလသော်တာ မောင်သာဖြစ်လျှင်လေ

မေအမြဲ မောင့် အနားဆီကမသွေ

တဖဝါးမှ မခွာချင်ပါပေ

လေဝယ်ပြေးကစား ငွေကြယ်ကလေးများ ဖြစ်ပါရစေ

(၃)

တက္ကသိုလ်ကျောင်းသူတဦး (ကိုမင်းနောင်)

တက္ကသိုလ်ကျောင်းသူတဦး လှပုံထူးသမျှ တွေ့ရဖူးသည်မှာ

ကြည်စွာဘဝင်နှလုံး ရွှင်ပြုံးမြေ့တာ ယနေ့သာတိုင် မေ့ပါနိုင်ရက်

တသက်သက်စိတ်ထဲမှာ မျှော်ကာတွေး ငေးမိအခါခါ။

အင်းယားကန်အပါး လျှောက်ကာသွား အနားယူသောတနေ့မှာ

ယဉ်စွာယဉ်စွာ ဆင်ယင်ထုံးဖွဲ့ပြုံးလဲ့လဲ့ချစ်စရာ

သစ်လာသည့်ပန်း လန်းတဲ့ပုံပမာ

တက္ကသိုလ်ကျောင်းသူတဦး ချစ်ကြည်နူးစရာ လှပကြော့ယဉ်စွာ။

တပတ်လျှို ဆံထုံးကြော့မှာ တပွင့်ပန်းပန်လာ

ရှုကာငေး နုဝါအသွေး လက်ရှည်ထူထူလေးဝတ်ကာ

ကြက်သွေးနီနီ ထမီပန်းခက် ယဉ်သထက်ယဉ်စွာ

နက်မှောင်ကတ္တီပါ လှပယဉ်ကျေး ပုံတော်လေးနဲ့ပါ။

(၄)

တယောက်တနယ်ဆီမှာနေ ပိတောက်နဲ့ချယ်ရီပမာလေ - မှန် (တေးရေး/ဂီတစာဆိုကိုညွန့်ဝေ. တေးဆို/တွံတေးသိန်းတန်သီချင်း)

တယောက်တကမ္ဘာ - မှန် (ကိုတင်လှိုင် တေးသံသာ မြတ်-အဖွဲ့ သီချင်း)။

မုဆိုးကြီးဖိုးတေ ကမ္ဘာသစ်မှလူသားတယောက် 

တကမ္ဘာခြားလည်းချစ်နေမယ် တယောက်တည်း (ကိုမင်းနောင်) 

ဘုန်းမောင့်တယောက်တည်းရယ် (ဗန်းမော်တင်အောင်) 

အလွမ်းဟူသမျှ တယောက်တည်း (ခင်လေး) -

မှန်ကင်းတလှည့် ထင်းတလှည့် 

တက္ကသိုလ်ကျောင်းသားတဦး (ဝင်းဦး)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ