တခါတည်း၊ တခါထဲ ဘယ်ဟာအမှန်လဲဆရာ
သတ်ပုံသဘောအရ "တည်း (တယောက်တည်း)" က မှန်ပေမဲ့ "ထဲ" လို့လည်း အရင်ကတည်းက ရေးတာတွေ ရှိခဲ့တယ်။ စကားပြောသလိုစာရေးနည်းကြောင့် ရောထွေးလာတာဖြစ်တယ်။
ပုံနှိပ်မူတချို့မှာလည်း မူကွဲတွေ တွေ့ရတယ်။
ကာတွန်းတွေမှာ "ထဲ" ကိုပိုသုံးတာတွေ့ရတယ်။ မူရင်းစာရေးသူက "ထဲ" လို့ရေးထားခဲ့တာကို "တည်း" လို့ မပြင်သင့်။
မြို့မငြိမ်းရေးပြီး မာမာအေးဆိုတဲ့သီချင်းကို နှစ်ယောက်တည်းလို့ ရေးပါတယ်။
နှစ်ယောက်တည်း သီချင်း
နှစ်ယောက်ထဲနေချင်တယ် ရုပ်ရှင်
မောင်နဲ့တူမစုံ တကိုယ်ရေထဲတူညီ (ငွေဇင်ယော်သို့)
- တသွေးတသားတည်းဟူသော (လွတ်လပ်ရေးကြေညာစာတမ်း)
- သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (အနန္တသူရိယအမတ်)
တည်း နဲ့ ထဲ ရောထွေး ရေးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ ခွဲခြားရေးလာတယ်။
အိပ်ထဲမှာ တယောက်တည်းရှိသည်။ အရင်က ရေးထားခဲ့တာတွေကိုတော့ မပြင်သင့်ပါ။
သူတည်းတယောက်၊ ကောင်းဘို့ရောက်မူ၊
နှစ်ယောက်ထဲနေချင်တယ်
"တချစ်တည်းချစ်"
တချစ်တည်း ချစ်တာ ဘာကြောင့် ဆိုသည်
ဟိုယခင် ဗြဟ္မာကအတည် ကမ္ဘာစသည်
မြေဆီမြေလွှာ သင်းရနံ့ အရသာ
ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့ ခံတွင်းသွင်းလို့ စားမျိုရှာသည်
ကိုယ်ရုန့်ရင်းလို့ အချို့အဆင်းလှ အချို့အဆင်းမလှ
လှတဲ့သူက မဲ့မထီ အတိမာနကြောင့် ကိုယ်ရောင်ညှိုးပျောက် ရသပထဝီကွယ်သည်
ရင် နဲ့ ယင်လည်း အဲလိုဘဲ ရေးခဲ့ ပြောင်းလာပါတယ်။
မောင်ဝပု နှင့် မဖြူစင်
အင်း ငါလဲ သူ့အတိုင်း လိုက်လုပ်ယင် ဒီရတနာဂူကြီးကို ငါတယောက်ထဲ ပိုင်မှာဘဲ ကဲ လုပ်ငန်းစမှပဲ
ရွှေသွေးဂျာနယ်၊ ၁၃-၆-၁၉၈၁ နေ့ထုတ်ထဲက ဖြစ်ပါတယ်။
အခုခေတ် မြန်မာစာလည်း တချို့က မှန်။ (တစ်)ချို့က မှား။
တည်း
ကျပ်တည်း၊
ချုပ်တည်းပါ။
စထွက်ကတည်းက၊
စာတည်း။
တခုတည်းသော၊
တချက်တည်း၊
တည်းခိုခန်း၊
တည်းဖြတ်၊
တည်းလည်းတန်းလမ်း၊
တည်းအပ်
တသမတ်တည်း၊
တသားတည်းမဟုတ်သော၊
တသားတည်းမဟုတ်သော။
တယောက်တည်း၊
ကြိုးနှင့်တည်း (ချည်နှောင်)၊
မှန်သည်တည်း၊
ဖြစ်တော့သတည်း၊
သူတည်းတယောက် ကောင်းဘို့ရောက်မူ၊
ထဲ
ထူထူထဲထဲဝတ်ပါ၊
ထဲဝင်ပြင်ထွက်၊
ဝမ်းထဲမျိုသိပ်ထားရတယ်၊
အိမ်ထဲကြွပါ၊
မြေထဲမြို့၊
ထဲနှီးအတွင်းခံအဝတ်။
- တည်း နဲ့ ထဲ လဲ နဲ့ လည်း ရောထွေး ရေးခဲ့ကြပါတယ်။ အခုနောက်ပိုင်းမှာ ခွဲခြားရေးလာတယ်။ အိပ်ထဲမှာ တယောက်တည်းရှိသည်။ အရင်က ရေးထားခဲ့တာတွေကိုတော့ မပြင်သင့်ပါ။
- နှစ်ယောက်ထဲနေချင်တယ် ရုပ်ရှင်
- နှစ်ယောက်တည်း သီချင်း
- တသွေးတသားတည်းဟူသော (လွတ်လပ်ရေးကြေညာစာတမ်း)
- သူတည်းတယောက် ကောင်းဘို့ရောက်မူ၊ တယောက်သူမှာ ပျက်လင့်ကာသာ ဓမ္မတာတည်း။ (အနန္တသူရိယအမတ်ရေး အမျက်ဖြေလင်္ကာ)
နှစ်ယောက်တည်း - မာမာအေး https://www.youtube.com/watch?v=B8RoFVhv1QI
အနန္တသူရိယမျက်ဖြေလင်္ကာ မူကွဲ https://burmese-spelling.blogspot.com/2024/10/blog-post_271.html
သူတည်းတယောက် သို့မဟုတ် မပျက်သော သည်ရေပွက် https://burmese-spelling.blogspot.com/2022/09/blog-post_248.html
တချစ်တည်းချစ်
ရေး - မြို့မငြိမ်း
ဆို - ညွှန့်ဝင်း + စမ်းစမ်းအေး
https://www.facebook.com/khinmh.05/videos/2125650631020733/UzpfSTEwMDAwNTMyMTgzNDQ4Njo5OTg5NzMzMTAyOTAwNTQ/
ဝင်းဦး တင်တင်မြ http://soundcloud.com/winmyat-nyein/14-ta-chit-htel-chit
တချစ်တည်းချစ် မာမာအေး (ရေး-မြိုမငြိမ်း) https://www.youtube.com/watch?v=aKCWVhFVX5w
တချစ်တည်းချစ် - ရှုမဝစမ်းစမ်းအေး https://www.youtube.com/watch?v=PM6-J70tztg
ဒေါက်တာတင့်ဆွေ



Comments
Post a Comment