မူရင်းအဆို - ကိုဘစိန် (မြို့မ)
ပြန်ဆိုပဌမ - ဝင်းဦး
မြစ်ယံသဲနုကမ်းစ ချစ်သံတေးမြကြည်ကြည်
ငှက်ကလေးငွေစင်ရော် ပျံကာမြူးကာသီ
သူ့ကိုခေါ်ပါဘဲနဲ့ ခွန်းခြွေနှုတ်ဆက်ဖေါ်ရွေမည်
မောင်နဲ့တူမစုံ တကိုယ်ရေတည်းတူညီ
အစားအစာ တောင်းသလား သနားချစ်စရာ့ စင်ရော်ညီ
အကိုအလိုမပြည့်တဲ့တောင် မောင့်အလိုဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ
မောင်မယ်မုန့်ကလေးဖဲ့ကာ ဖဲ့ကာ ကျွေးလိုက်ချင်သည်
မြစ်ယံသဲနုကမ်းစ ချစ်သံတေးမြကြည်ကြည်
ငှက်ကလေးငွေစင်ရော် ပျံကာမြူးကာသီ
သူ့ကိုခေါ်ပါဘဲနဲ့ ခွန်းခြွေနှုတ်ဆက်ဖေါ်ရွေမည်
မောင်နဲ့တူမစုံ တကိုယ်ရေတည်းတူညီ
သို့ပေမဲ့ဝဲလက် ကိုယ့်ကိုယ်ကိုရည်
ယာလက်ချစ်သူကိုယ်စားတည် ရည်ရွယ်ကျွေးလိုက်မည်
စိတ်ရှိတိုင်းစားလို့ခွင့်လွှတ်သာကြည်
ကိုယ်စားပေါ့မောင့်သူနဲ့ပင် ဒီအချိန်ဝေးနေသည်…
အစားအစာ တောင်းသလား သနားချစ်စရာ့ စင်ရော်ညီ
အကိုအလိုမပြည့်တဲ့တောင် မောင့်အလိုဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ
မောင်မယ်မုန့်ကလေးဖဲ့ကာ ဖဲ့ကာ ကျွေးလိုက်ချင်သည်
သို့ပေမဲ့ဝဲလက် ကိုယ့်ကိုယ်ကိုရည်
ယာလက်ချစ်သူကိုယ်စားတည် ရည်ရွယ်ကျွေးလိုက်မည်
စိတ်ရှိတိုင်းစားလို့ခွင့်လွှတ်သာကြည်
ကိုယ်စားပေါ့မောင့်သူနဲ့ပင် ဒီအချိန်ဝေးနေသည်…
အစားအစာ တောင်းသလား သနားချစ်စရာ့ စင်ရော်ညီ
အကိုအလိုမပြည့်တဲ့တောင် မောင့်အလိုဖြည့်မည်
ချစ်ဖော်နဲ့ပင် ကမ်းစပ်၌ တူယှဉ်မှီ
မောင်မယ်မုန့်ကလေးဖဲ့ကာ ဖဲ့ကာ ကျွေးလိုက်ချင်သည်….
မှတ်ရန်များ
တကိုယ်ရေ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ဖြစ်ပါတယ်။
သူ့ကိုခေါ်ပါဘဲနဲ့ လို့သာရေးပါတယ်။ သူ့ကိုခေါ်ပါပဲနဲ့ မဟုတ်ပါ။
မ နောက် ဘဲ လိုက် ဖေါ်မြူလာသင်နည်း မမှန်ပါ။
သို့ပေမဲ့ ဖြစ်ပါတယ်။ သို့ပင်မဲ့ မဟုတ်ပါ။
စင်ယော်၊ ဇင်ယော်၊ စင်ရော် မူကွဲစာလုံးတွေဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment