၁။ မနေ့ညကတင်ခဲ့တဲ့ သင်သေသွားသော်အဆက် စာထဲမှာ သော် နဲ့ တော် မှားနေခဲ့တယ်။
ယဉ်ယဉ်ကျေးကျေးထောက်ပြသူအမျိုးအစားနဲ့ ခပ်ရိုင်းရိုင်းထောက်ပြသူအမျိုးအစား တွေ့ရတယ်။
တခါတခါ AI အကူအညီကြောင့် သွက်သွက်ခါ မှားတတ်တယ်။
ယဉ်ယဉ်ကျေးကျေးထောက်ပြသူတွေ ကျေးဇူး။
၂။ တ နဲ့ တစ် အကြောင်းက မတင်ရတဲ့နေ့ မရှိ။
ယဉ်ယဉ်ကျေးကျေးထောက်ပြသူအမျိုးအစားနဲ့ ခပ်ရိုင်းရိုင်းထောက်ပြသူအမျိုးအစား တွေ့ရတယ်။
ဘလော့ ရတာ မများလှပါ။ ၂ ယောက်သာ။
- တကိုယ်ရသန့်ရှင်းရေး
- ပတ်ဝန်းကျင်သန့်ရှင်းရေး
- ကိုယ်တင်တဲ့စာသန့်ရှင်းရေး
သန့်ရှင်းရေးဆိုတာ နေ့တိုင်းလုပ်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment