ပို့ပေးသူ ကျေးဇူး။
တပြိုင်နက်တည်းမှာ ထိုင်းနိုင်ငံမှာ မြန်မာလိုရေးထားတဲ့ ကြော်ငြာအမှားတခုကို တယောက်က ပို့တယ်။
အဲလိုဟာတွေကတော့ လိုက်ရှာစရာမလိုပါ။
ထိုင်နေရင်းခလုတ်တိုက်တယ်။
နားလေး၊ ဆားများတဲ့မြို့က MBA သင်ပေးသူတွေက မြန်မာစာနဲ့ အသိပညာသင်ပေးတာ မှန် မမှန်မသိ။
ခုခေတ်မှာ အရာရာ -
မှန်တာ ရှား။
မမှန်ရင် ဆုရ။
လွဲရင် ဘွဲ့ရ။
အထူးအဆန်းတွေဖြေရင် ဂုဏ်ထူးရ။
လိမ်ရင် ပိုက်ဆံရ။
မြန်မာလို မှန်အောင်မရေးတတ်လည်း သူများနိုင်ငံတွေမှာ ဆိုင်းဘုတ်ရေးအလုပ်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment