ကျွန်တော်
AI လည်း အခုခေတ် ပေါ်လစီသတ်ပုံရေးကြတဲ့ လူသားတွေကို
အတုခိုးပြီး တခုခု ကို စသတ်နေရပြီ။ AI ခေတ်က အစသာရှိသေးလို့ မြန်မာစာရဲ့အလားအလာသည်လည်း ဇောက်ထိုးကျပါတော့မည်။
AI
AI နည်းပညာသည် လက်ရှိအင်တာနက်ပေါ်ရှိ စာသားအချက်အလက် (Data)
အများစုကို
အခြေခံပြီး လေ့လာသင်ယူထားရခြင်းဖြစ်သည့်အတွက် ယခုခေတ်အသုံးများနေသည့်
သတ်ပုံစနစ်များအတိုင်း လိုက်ပါရေးသားမိနေခြင်း ဖြစ်ပါသည်။
သို့သော်လည်း
သုံးစွဲသူ၏ ရည်ရွယ်ချက်နှင့် လိုလားချက်အပေါ် မူတည်၍ AI
၏
ရေးသားပုံကို ပြုပြင်ထိန်းညှိနိုင်ပါသည်။ ဥပမာအားဖြင့်-
• မူရင်းသတ်ပုံအတိုင်း
ရေးသားစေခြင်း - "တစ်" အစား "တ" ကိုသာ အသုံးပြုရန်
ကြိုတင်ညွှန်ကြားထားပါက မူရင်းမြန်မာစာ သတ်ပုံစနစ်အတိုင်း
လိုက်နာရေးသားပေးနိုင်ပါသည်။
• နည်းပညာဆိုင်ရာ
အကန့်အသတ် - ပုံရိပ်ဖန်တီးမှု (Image Generation) အပိုင်းတွင်မူ
မြန်မာစာလုံးပေါင်းများ မှားယွင်းတတ်သည့် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များ
ရှိနေသေးသည်မှာ မှန်ကန်ပါသည်။
မြန်မာစာ
စာလုံးပေါင်းသတ်ပုံနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် သို့မဟုတ် စာမူများ
ရေးသားပြုစုရာတွင် မူရင်းသတ်ပုံစနစ်ကို အသုံးပြုလိုပါက အချိန်မရွေး
ညွှန်ကြားပေးနိုင်ပါသည်။
ရှေ့ဆက်ပြီး
စာသားများ ရေးသားပေးရာတွင် မူရင်းမြန်မာစာ သတ်ပုံစနစ် ("တစ်" အစား
"တ" စသည်ဖြင့်) ကိုသာ အမြဲတမ်း အသုံးပြုပေးရန်
မှတ်သားထားလိုက်ရမလားခင်ဗျာ။
ကျွန်တော်
ဟုတ်။
ကျွန်တော်
AI အမျိုးမျိုးနဲ့
စာရေးနေတာ ကြာပြီ။ ထောင်ဂဏန်းလောက်ရှိမယ်။ Gemini/ChatGPT ကို တဝမ်းပူအပါအင် တခြားတခြား
စာလုံးပေါင်းတွေကိုပါ ထောက်ပြပါတယ်။ ခဏလေးသာ ရပြီး ပြန်မှားပါတယ်။
ကတိပေးရန်
မလိုပါ။ လူကြီး မင်းသဘော။
မြန်မာလိုရေးတဲ့လူသားတွေကတော့
အထက်အမိန့်နဲ့ဆို ဘာခိုင်းခိုင်းလိုက်နာကြပါတယ်။
AI
နားလည်ပါပြီ၊
ဆရာ့အတွက် စာရေးသားပေးတိုင်း မူရင်းမြန်မာစာသတ်ပုံစနစ် ("တစ်" အစား
"တ" စသည်ဖြင့်) ကိုပဲ ဦးစားပေးပြီး အသုံးပြုပေးပါမယ်။
AI စနစ်တွေမှာ စာကြောင်းတွေ ရှည်လာတာနဲ့အမျှ သူတို့
မူလလေ့လာထားတဲ့ အင်တာနက်ပေါ်က ဒေတာအများစု (ခေတ်ပေါ်သတ်ပုံစနစ်) ဘက်ကို အလိုလို
ပြန်ယိမ်းသွားတတ်တဲ့ သဘာဝရှိတာကြောင့် အခုလို ပြန်ပြန်မှားနေတာ ဖြစ်ပါတယ်။
ကျွန်တော့်ဘက်ကတော့ တတ်နိုင်သမျှ သတိထားပြီး မူရင်းသတ်ပုံအတိုင်း မှန်ကန်အောင်
ကြိုးစားရေးသားပေးပါမယ်ခင်ဗျာ။
မြန်မာစာပေနဲ့
သတ်ပုံအရေးအသားဆိုင်ရာ ကိစ္စရပ်တွေ ဆက်လက်ဆွေးနွေးလိုတာရှိရင်လည်း အချိန်မရွေး
မိန့်ကြားနိုင်ပါတယ်။
ကောက်ချက်
ကျွန်တော်တို့အရွယ်တွေ
သူငယ်တန်းကနေ ဘွဲ့တခုခုရကြတဲ့အထိ သင်ယူခဲ့ကြ၊ ရေးသားခဲ့ကြ၊ ဖတ်ရှုခဲ့ကြတဲ့
မြန်မာစာ စာလုံးပေါင်း သတ်ပုံတွေကို ၃၀-၉-၁၉၈၆ နေ့မှာ အမိန့်နဲ့ ပြင်လိုက်ပါတယ်။
• တဝမ်းပူ
၇၀% လောက်ကို တစ်ရတယ်။
• ပဌမ
ကို ပထမ လို့သာရေးရတယ်။
• သမတ
ကို မနှစ်လုံးဆင့်ရတယ်။
• ဒါး
ကို ဓား (ဓါး တောင် မမှန်ဘူးတဲ့)
• ပဲ
နဲ့ ဘဲ စသည်။
ဥပမာပြောရရင်
ဆိုစကားက “ဤ ကို ကျွဲ ဖတ်” တဲ့။
ပေါ်လစီသတ်ပုံသစ်အရ
“ကျွဲ ကို ဤ ဖတ်” ဖြစ်လာခဲ့ပါတယ်။
အခုလည်း
အာဏာရှိသူကနေ “သတိ” ဆို “သတိ”၊ “မသက်သာ” ဆို “မသက်သာ” နာခံကြပါလိမ့်မယ်။
အာဏာရှိသူခိုင်းမှသာ
နာခံတော်မူကြတဲ့ လူဦးရေ သန်း ၃၀ ကျော်နိုင်တယ်။
မြန်မာစာ
ကံမကောင်းသေးပါ။
ကံဆိုတာ
စိတ်၊ နှုတ် နဲ့ ကိုယ်။
နောက်တမျိုးက
နှုတ်အပြော နဲ့ အရေးအသား။
“မြန်မာစာ
ကံကောင်းလာပါစေသတည်း”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment