မုတ - န /မုတ္တ/ ၁၊ နံခြင်း၊ လျက်ခြင်း၊ ထိတွေ့ခြင်းဟူသော အားရုံသုံးပါး။ “ဤသို့ဖြင့်၊ သုတ မုတ အားဖြင့်အခြင်းအရာ ရှိကြလေသော်” မင်း။ ၂၊ ၂၊ တကြိမ်တခါကထင်မြင်ဖူးသော အခြင်းအရာ။ ၃၊ ကိုယ်တိုင် တွေ့့ထိမှု။ [ပါ] မုတမင်္ဂလာ - န /မုတ္တမင်္ဂလာ/ နံနက် စောစောတွင် ဦးစွာ အားဖြင့် အနံ့၊ အရသာ၊ အတွေ့ဟူသော အာရုံကောင်း တမျိုးမျိုး ထိတွေ့ခြင်းကို မင်္ဂလာဟူ၍ မှတ်ယူသော အယူအလေ့။ [ပါ]
ရသ နှင့် မုတ (သို့မဟုတ် "မုတမပါ လင်္ကာမချော" ဆိုသော စကား) တို့တွင် ပါဝင်သော မုတ ဆိုသည်မှာ အာရုံခံစားမှု သို့မဟုတ် အတွေ့အကြုံကို ဆိုလိုပါသည်။
အသေးစိတ်အားဖြင့် အာရုံခံစားမှုများတွင် ပါဝင်သည်များမှာ-
• ဒိဋ္ဌ = မြင်ခြင်းအာရုံ (ရူပါရုံ)
• သုတ = ကြားခြင်းအာရုံ (သဒ္ဒါရုံ)
• မုတ = ကျန်ရှိသော အာရုံများဖြစ်သည့် တွေ့ထိခြင်း၊ နမ်းခြင်း၊ အရသာခံခြင်း (ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ) တို့ဖြင့် တွေ့ကြုံခံစားသိရှိမှု
ဆိုရိုးစကားဖြစ်သော "မုတမပါ လင်္ကာမချော" တွင် "မုတ" ပါဝင်ခြင်း၏ အဓိပ္ပာယ်မှာ စာပေ သို့မဟုတ် ကဗျာလင်္ကာများ ရေးသားရာတွင် အာရုံငါးပါးဖြင့် ခံစားသိရှိမှု (အတွေ့အကြုံ) များ မပါဝင်ပါက စာပေသည် အသက်မဝင်ဘဲ မပြေပြစ်၊ မချောမွေ့ဟု ဆိုလိုခြင်း ဖြစ်သည်။ (လူအများပြောဆိုနေကြသည့် "မုသားမပါ လင်္ကာမချော" ဆိုသည်မှာ မူလစကားအမှန် "မုတမပါ လင်္ကာမချော" မှ အသံထွက်ပြောင်းလဲလာခြင်းဖြစ်သည်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment