Skip to main content

ငံ နှင့် ငန်

မဂ်လာပါဆရာ ငံပြာရည် နဲ့ ငန်ပြာရည် စာလုံးပေါင်းအမှန်လေးသိပါရစေ ဆရာ

အရင်ထုတ် သတ်ပုံစာအုပ်တအုပ်မှာ ငန်လို့ရေးတယ်။ မြန်မာအဘိဓါန်မှာ ငန်လို့ရေးတယ်။ ငပိလည်းမှန်၊ ငါးပိလည်းမှန်တယ်။ ငါးပိရည်ကြို မမှန်ပါ။ ငံပြာရည်တယ်။ ဒါရိုက်တာ ဘိတ်ကလာတဲ့ ငံပြာရည်။

ငန်

ငန်ငြိငြိ = အနည်းငယ်ငန်သော

စပ်စပ်ငန်၊

ဆားငန်၊

ဆားတိငန်ငန်။

ရေငန်၊

ငံ

တိုင်းနိုင်ငံ၊

များဖြင်လောက်ငံ။

ရည်ငံသည် = ချစ်ကြိုက်သည်

ရည်ငံသည်၊

လက်ငံ = လက်ဆော့

လက်ငံသည် = လက်နိုင်သည်

အသိငံ = လိမ်မာထက်မြက်

ချေငံသည် = ချေငံစွာပြုလုပ်တတ်သည်

ခြေငံသည်၊

ခြေခြေငံငံ၊

အရင်ထုတ်သတ်ပုံစာအုပ်တအုပ်မှာတော့

အငံရေ = ပင်လယ်ရေ = လူတို့မစားမသုံးသောအငံရေ

ကြက်ငန်ရေ = လူတို့စားသုံးသောအငန်ရေလို့ ခွဲခြားထားတယ်။

မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) မှာ

ငါးပိ

ငါးပိချက်

ငါးပိငါးချဉ်သိပ်

ငါးပိဖုတ်

ငါးပိရည်

ငါးပိရည်ကျို

ငါးပိရည်ချက်

ငါးပိလိမ္မာကြော်

ငါးပိကောင်

ငါးပိထောင်း

ငါးပိဖောင်း

ငါးပိကြော်

ငပိလည်း မှန်၊ ငါးပိလည်း မှန်တယ်။ ငံပြာရည် မှန်။ ငါးပိရည်ကြို မမှန်ပါ။

ငန်

ကဝိလက္ခဏာသတ်ညွှန်း

ငန်

နသတ်ငန်သည် 

စတုဓမ္မသာရတွင် “မြိန်ဆိမ့်ချိုမွန်၊ ချဉ်စပ်နှင့်၊ အဖန်အခါး”။   ။ 

ဘူရိဒတ် ဇာတ်ပေါင်းတွင် “ဆားတိငန်ငန်၊ ဖြစ်သည်မှန်မူ၊ အစွန်အနား”။   ။ ၎င်းတွင် “စီးထွက်လျှံဝှန်၊ ရေမငန်တည်၊ အလွန်တရာ”။ 

သံဝရတွင် “ချိုချဉ်စပ်ငန်၊ အဖန်အခါး၊ ခြောက်ပါးသီးပွင့်” သို့သတ်သားရှိသည်။

ငံ

ဘူရိဒတ် ဇာတ်ပေါင်းတွင် “ဆားတိငံငံ၊ ဤနံ တောက်တောက်” ဟူ၍ရှိသည်။ သို့သေးသေးတင် စပ်ရာမှာ ဆားအတိ “လောက်ငံသည်” ဟုရှိယူရမည်။

တချို့လည်း နသတ်မှန်အောင် “ဆားတိ ငန်ငန်၊ ပျို့အန် တောက်တောက်” စာရှိသည်ဟူ၍ ဆိုသည်။ ငန်သည့် အရသာကို နသတ်အမှန် မှတ်ရမည်။

ကောက်ချက်

- အရသာ ငန်သည်။

- အလွန်တရာ မှန်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ