Skip to main content

ငြင်း ညင်း

ဆရာ‌ အငြင်း စကားလုံးတွေကို ညင်းလို့ရေးလို့ရတာ အခုမှ သိပါတယ် မူကွဲလား ဆရာ ငြင်းလို့သာ ရေးကြလို့ပါ

ပြန်စာ

ကာတွန်းထဲက ညင်းအသုံး မမှန်ပါ။

ငြင်း = မလိုက်နာနိုင်ကြာင်းစသည်ဖော်ပြသည်။ ငြင်းဆန်သည်၊ ငြင်းပယ်သည်၊ ငြင်းခုံသည်။
ယာသူကြီးကို... နင်မင်းပြုအပ်၏။ ငါမင်းမပြု။
(၁)
ဟိုအရင်ကစာတွေ
ဆရာစလေ သူစီကုံးတယ်လား
ရွှေနန်းသူ အမူတုံးတို့ရယ်
ငြင်း ဦး ကွယ် လေး။ ။ (ဝန်စာရေး ဦးသာ)
(ဦးပုညနှင့်အချုပ်တန်းဆရာဖေတို့၏ ကဗျာတိုက်ပွဲ)
(၂)
ကျနော်တို့နှင့် ပါလာသူများသည် ကချင် ထောင်ကာ အကကို ဝင်၍ ကကြရ၏။ မည်သူမျှ နေ၍မရ။ ငြင်း၍ မရပါ။ ဆရာဝန်ကြီးများ၊ သမားတော်ကြီးများ၊ ဆရာဝန်မများ၊ သူနာပြု ဆရာမများနှင့် အမှုထမ်းများပါ မကျန် အားလုံး ကကြရသည်။
(အို မြောက်ပိုင်းလမ်းမြသန်းတင့်)
(၃)
သည်လောကဘုံ အနှမ်းပေမို့
ယုံတမ်းပင် ဆိုနိုင်သင့်သော်လည်း
မသင့် မလျော်ပေမို့
ဘယ်ကဝေ ဘယ်ဉာဏ်မင်းငယ်တို့
ငြင်း ကြမလဲ။ ။ (ချစ်သူ - ဇော်ဂျီ - ၁၉၃၄)
(၄)
အတင်း ငြင်း မချစ်နိုင်ပါ သေပေမဲ့လည်း မခွဲခွာဘူး မယ့်ချစ်ဦးသာ သစ္စာဆို တိုင်တည်ထား သိကြားမကာ အသက်ရှင်လာ ပျော်မြူးစွာ ကိန္နရီ ကိန္နရာ မောင်မယ် အချစ်ကြောင်း နှစ်ပေါင်း တထောင်ပင်ကြာ

ညင်း = အကြမ်းအတမ်း အလျင်အမြန် မဟုတ်သော။ အသာအဖြည်း ဖြစ်သော။ ပရမေမှန်ကင်း၊ လူ့သနင်းလျှင်၊ သံညင်းမိန့်ခြေ၊ ဟောတုံပေက။

ညင်းညင်းသာသာ = ဖြည်းညင်းသက်သာစွာ။ သာယာညင်းပျောင်းစွာ။ နူးနူးညံ့ညံ့။

ညင်းပျောင်း = ချိုသာနူးညံ့သည်။ လူကြီးလူကောင်း၊ လူအပေါင်းနှင့်၊ ညင်းပျောင်းတိုင်ပင်၊ ဘန်စီရင်လျက်။

ညင်းညင်းသာသာ

ညင်းပျောင်း

မုန်ညင်းပင်

မုန်ညင်းရွက်

မုန်ညင်းဖူး

မုန်ညင်းချဉ်

မုန်ညင်းဆီ

မုန်ညင်းခင်း

မုန်ညင်းဖြူ

အိုးမုန်ညင်း

မုန်ညင်းထုပ်

လေညင်းသွဲ့သွဲ့
စန္ဒကိန္နရီ မာမာအေး https://www.facebook.com/watch/?v=10153398494799151
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ